သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက် ပစ်လွှတ်ဖွယ် ခန့်မှန်း


မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေ ပါတယ်၊ မြောက်ကိုရီးယား ဖက်က Missile ဒုံးလက်နက်ပစ်လွှတ်မှုကို ကာကွယ်နိုင်ဖို့ အသင့် ပြင်ဆင် ထားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ထားတယ်လို့ ကာကွယ်ရေးဌာနပြောခွင့်ရသူတွေက VOA ကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်ဖို့ စစ်တပ်က နောက်ဆုံးခွင့်ပြုချက်ပေးလိုက်ပြီလို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ သုံးသပ်သူ အများစု ကတော့ မြောက်ကိုရီးယား အစိုးရအနေနဲ့ အဲဒီလို တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ ပြောနေကြပါတယ်။

မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို နိုင်ငံရဲ့ အရှ့ဖက် ကမ်းရိုးတမ်းကို ရွှေ့ထားတယ်ဆိုတာကို တောင်ကိုရီးယားက ကြာသပတေးနေ့က အတည်ပြုပါတယ်၊ ဒီဒုံးလက်နက်ဟာ အကွာအဝေး တခုအထိသွားနိုင်ပေမဲ့ အမေရိကန် ပြည်မကြီးကို ရောက်နိုင်မဲ့ပုံတော့ မရှိဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan Jin ကပြောပါတယ်၊

ဗုံးတန်ချိန် ၁ တန်ကျော်တင်ဆောင်နိုင်တဲ့ ပေ ၄၀ ကနေ ၆၂ ပေရှည်တဲ့ Musudan Rocket ဒုံးကျည်ဖြစ်ပုံရတယ်လို့ Seoul မြို့တော်က တာဝန်ရှိသူတွေကို ကိုးကားပြီး အစိုးရ အာဘော် ပါတဲ့ တောင်ကိုရီးယား သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ဒီ Rocket ဒုံးကျည်ဟာ Nuclear ထိပ်ဖူးတပ်နိုင်စွမ်းရှိပေမဲ့ အဲဒီလောက်အထိ မြောက်ကိုရီးယားအစိုးရမှာ လုပ်နိုင်စွမ်း မရှိဘူးလို့လဲ လေ့လာသူတွေက သုံးသပ်နေ ပါတယ်။ မြောက်ကိုရီးယား တို့ရဲ့ ခြိမ်းခြောက်မှု ကို Pantegon စစ်ဌာနချုပ်က အလေးအနက် ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကလဲ ပြောပါတယ်။
XS
SM
MD
LG