သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေး ဖြစ်နိုင်ဖွယ်ရှိ


မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေး ဖြစ်နိုင်ဖွယ်ရှိ

မြောက်ကိုရီးယားဟာ အရင်ကပေးထားတဲ့ ကတိက၀တ်တွေကို လိုက်နာပြီး ရန်လိုတဲ့အပြုအမူတွေကို ရပ်ဆိုင်းမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်ပြီး စတင်နိုင်မှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က ဒီကနေ့ ဆိုးလ်မြို့တော်မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ခွမ်ကျင်း နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ၀န်ကြီး ဂိတ်စ်က တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးပွဲကနေ သံခင်းတမန်ခင်းတွေကို စတင်နိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ရတဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ရုရှား၊ တောင်နဲ့မြောက်ကိုရီးယားနိုင်ငံတွေ ပါဝင်ကြပါတယ်။

XS
SM
MD
LG