သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဂျုံအီးသား အာဏာဆက်ခံရေးအတွက် ဥပဒေပြင်


ကင်ဂျုံအီးသား အာဏာဆက်ခံရေးအတွက် ဥပဒေပြင်
ကင်ဂျုံအီးသား အာဏာဆက်ခံရေးအတွက် ဥပဒေပြင်

မြောက်ကိုးရီးယားရဲ့ တခုတည်းသော နိုင်ငံရေးပါတီဖြစ်တဲ့ ကိုးရီးယားအလုပ်သမားပါတီ (KWP) က ပါတီ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ရေးဆွဲခဲ့ပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ကင်ဂျုံအီးကနေ သားဖြစ်သူ ကင်ဂျုံအမ်း ကို အာဏာလွဲပြောင်းမှုမှာ ချောမွေ့အောင် လုပ်ဆောင်လိုက်ပုံရတယ်လို့ မြောက်ကိုးရီးယားအရေး လေ့လာသူတွေက ဆိုပါတယ်။

VOA ကနေရရှိထားတဲ့ ပါတီစည်းမျဉ်းစည်းကမ်း အသစ်တစုံမှာတွေ့ရှိရတဲ့ အရေးကြီးဆုံး ဖော်ပြချက်အသစ် ကတော့ ပါတီခေါင်းဆောင်ကို ဗဟိုစစ်ကော်မရှင်ကိုပါ ခေါင်းဆောင်ဖို့ ခွင့်ပြုခြင်းဖြစ်ပါတယ်။ ဒီအချက်အရ ခေါင်းဆောင်တဦးတည်းက အစိုးရအဖွဲ့အုပ်ချုပ်ရေးနဲ့ စစ်ဘက်ရေးရာတွေကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ် ကင်ဂျုံအီးရဲ့ သားဖြစ်သူ အသက် (၂၈) နှစ်အရွယ် ကင်ဂျုံအမ်းနဲ့ အသက် (၆၈) နှစ်အရွယ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရီယွန်ဟိုး (Ri Yong Ho) တို့က ဗဟိုစစ်ကော်မရှင် ပူးတွဲဥက္ကဌတွေအဖြစ် တာဝန်ယူ ထားကြပါတယ်။

ပါတီစည်းမျဉ်းစည်းကမ်းအသစ် ရေးဆွဲထားတဲ့ နေ့စွဲက ၂၀၁၀ စက်တင်ဘာ (၂၆) ရက်ဖြစ်ပြီးတော့ ဒါဟာ ပြုံယမ်းမြို့တော်မှာ ကိုးရီးယားအလုပ်သမားပါတီ (KWP) ရဲ့ ပါတီညီလာခံ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ နောက်တနေ့မှာပဲ ပါတီခေါင်းဆောင်မှုကို အားသစ်လောင်းဖို့နဲ့ မြောက်ကိုးရီးယားတပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ပါတီ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ရေးဆွဲခဲ့တယ်လို့ မြောက်ကိုးရီးယားအစိုးရရဲ့ KCNA သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ကိုးရီးယား အလုပ်သမားပါတီရဲ့ ပါတီစည်းမျဉ်းစည်းကမ်း အသေးစိတ်ကို အများပြည်သူကို ထုတ်ပြန်ခြင်းမရှိပါဘူး။

XS
SM
MD
LG