သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် စစ်ရေးနည်းသုံးဖို့ တောင်ပိုင်းလိုလား


မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနေရာပြ မြေပုံ။
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနေရာပြ မြေပုံ။
မြောက်ကိုရီးယားနိုင်ငံဘက်က နောက်ဆုံး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂအနေနဲ့ စစ်ရေးအရ အရေးယူ ဆောင်ရွက်နိုင်ရေး ခွင့်ပြုဖို့အတွက် ဆုံးဖြတ်ချက် ချပေးဖို့ တောင်ကိုရီးယား အစိုးရက တောင်းဆိုထားကြောင်း တောင်ကိုရီးယား ထိပ်တန်း သံတမန်တဦးက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ပဋိညာဉ်ရဲ့ စည်းမျဉ်းဥပဒေ အခန်း (၇) ပုတ်မ (၄၂) ကို ချမှတ် ပြဌာန်းပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ သံတမန်က ပြောဆိုတဲ့ အကြောင်း တောင်ကိုရီးယား ယုံဟတ်သတင်းဌာနက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ခဲ့မယ်ဆိုရင် တားမြစ်ထားတဲ့ နျူကလီးယား လက်နက်တွေ၊ မစ်ဇိုင်းဒုံး လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေ မှန်သမျှကို စစ်သင်္ဘောတွေက ကမ္ဘာအနှံ့ နေရာတိုင်းမှာ တားဆီးဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ခွင့်ပြုရေး ကိစ္စကို တရုတ်နိုင်ငံဘက်က ထောက်ခံမှုပေးမယ်၊ မပေးဘူးဆိုတာကတော့ မသေချာဘူးလို့ သံတမန်ကပြောပါတယ်။

ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ် မစ်ဇိုင်းဒုံးကျည် ပစ်လွှတ်မှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရ က ထောက်ခံမှု ပေးခဲ့ပေမဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ ပဋိညာဉ် ဥပဒေပုဒ်မ (၄၂) အရ အရေးယူ ပြဌာန်းဖို့ ပြုလုပ်ခဲ့တိုင်း တရုတ်နိုင်ငံက ဗီတိုအာဏာ အသုံးပြုပြီး ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG