သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် သားငယ်ကို ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ခန့်


မြောက်ကိုရီးယားခေါင်းဆောင် သားငယ်ကို ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ခန့်
မြောက်ကိုရီးယားခေါင်းဆောင် သားငယ်ကို ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ခန့်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il) က အာဏာရ ကွန်မြူနစ်ပါတီမှာ သူ့ရဲ့ အငယ်ဆုံးသားကို အဆင့်မြင့်ရာထူး တက်ပေးလိုက်ပါတယ်။ ဒါဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် လက်သပ်မွေးနေတာကို ပြသတဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီအပတ် ပါတီညီလာခံမှာ မစ္စတာ ကင်ဂျုံအန်း (Kim Jong Un) ကို ဗဟိုကော်မတီဝင်အဖြစ် အမည်တင်သွင်းကြောင်း မြောက်ကိုရီးယား နိုင်ငံတော်ပိုင် သတင်းဌာန KCNA က ဗုဒ္ဓဟူးနေ့မှာ ဆိုပါတယ်။ ကင်ဂျုံအန်းကို ပါတီမှာ တန်ခိုးအာဏာရှိတဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်လိုက်ပါတယ်။ ဒီကော်မရှင်ကို ဖခင်ဖြစ်သူ ကင်ဂျုံအီးလ်က ဦးဆောင်ပါတယ်။

အင်္ဂါနေ့တုန်းကတော့ မြောက်ကိုရီးယား လက်နက်ကိုင်တပ်များရဲ့ ကြယ်လေးပွင့် ပခုံးတင် ဗိုလ်ချုပ်ကြီးအဖြစ် ကင်ဂျုံအန်းကို ခန့်အပ်ခဲ့တာပါ။

ကင်ဂျုံအန်းကို မြောက်ကိုရီးယားမှာတောင် လူသိပ်မသိကြပါဘူး။ သူ့အကြောင်းကို လျှို့ဝှက်အဖြစ် ထားပါတယ်။ သူဟာ အသက် ၂၇ နှစ် ရှိပြီလို့ ယူဆရပြီး ဆွစ်ဇာလန်မှာ ပညာသင်ခဲ့ပါတယ်။

အခုလို သူ တရှိန်ထိုး ရာထူးတွေ တက်လာတာဟာ သူ့အဖေ အသက် ၆၈ နှစ်အရွယ် ကင်ဂျုံအီးလ်ရဲ့ ကျန်းမာရေး အခြေအနေ မကောင်းတာကို ပြသနေပါတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ ၂၀၀၈ မှာ ကင်ဂျုံအီးလ် လေဖြတ်သွားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒီအပတ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတရပ် ကျင်းပမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ၂ နှစ်နီးနီးအတွင်း ဒီလို ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

XS
SM
MD
LG