သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အနာဂတ်အရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး

Bashar al-Assad, then the apparent heir to Syrian President Hafez al-Assad, walks past a portrait of his father at the opening of a computer exhibition in Damascus, April 24, 2000.
Bashar al-Assad, then the apparent heir to Syrian President Hafez al-Assad, walks past a portrait of his father at the opening of a computer exhibition in Damascus, April 24, 2000.

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်အနိစ္စ ရောက်သွားပြီးတဲ့နောက် တသီးတခြား နေထိုင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြည်သူတွေရဲ့ အရေးနဲ့ပတ်သက်ပြီး ပစိဖိတ်ဒေတွင်း အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေအတွင်း တိတ်တဆိတ် ပြောဆို တိုင်ပင်မှုတွေရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။

ဝန်ကြီးကလင်တန်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (Koichiro Gemba) နဲ့ ဝါရှင်တန်မှာ မနေ့က တနင်္လာနေ့မှာ တွေ့ဆုံအပြီး အဲဒီလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင် အပြောင်းအလဲကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် ရှိစေဖို့အတွက် နှစ်နိုင်ငံအကြားမှာ တူညီတဲ့ ဆန္ဒသဘောထားတွေ ရှိကြကြောင်း ဝန်ကြီးကလင်တန်က ပြောပါတယ်။

ဂျပန်နဲ့ အမေရိကန်နှစ်နိုင်ငံ အစိုးရတွေဟာ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး တခြား ဆွေးနွေးဘက် ၆ နိုင်ငံ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား အစိုးရတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံမှုတွေရှိကြောင်း မစ္စ်ကလင်တန်က ပြောပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ စကားပြောဆိုခဲ့ပြီး ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

This item is part of
XS
SM
MD
LG