သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင်သစ် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ


မြောက်ကိုရီးယား ခေါင်းဆောင်သစ် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ
မြောက်ကိုရီးယား ခေါင်းဆောင်သစ် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ

အစိုးရ မဟုတ်ဘဲ ထင်ရှားသူတွေပါဝင်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ပြုံယမ်း မြို့ မှာ အသစ်တက်လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက တနင်္လာနေ့က လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ် သူ့အဖေ ကွယ်လွန်သွားပြီးကတည်းက နိုင်ငံခြားသား ဧည့်သည်တွေကို ပထမဆုံး လူမြင်ကွင်းမှာ တွေ့ဆုံတာဖြစ်ပါတယ်။

ကွယ်လွန်သွားပြီးဖြစ်တဲ့ ယခင် တောင်ကိုရီးယား သမ္မတ ကင်မ်ဒေးဂျုံ (Kim Dae-jung) ရဲ့ ဇနီးကို အသက် ၂၈ နှစ် အရွယ် မစ္စတာ ကင်မ် က တွေ့ဆုံခဲ့တာပါ။ ကင်မ်ဂျုံအီလ် အသုဘအတွက် ဝမ်းနည်းကြေကွဲ စကားကို မြောက်ကိုရီးယားကို ပါးဖို့ သူတို့အဖွဲ့က တောင်ကိုရီးယားကနေ ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ ဟွန်ဒေး စက်မှုလုပ်ငန်းအုပ်စုရဲ့ အကြီးအကဲ ဟွမ်န်ကျီအိုအွန်း (Hyun Jeong-eun) လည်း ပါဝင်ပါတယ်။

တနင်္လာနေ့ တွေ့ဆုံပွဲမတိုင်မီမှာ မစ္စတာ ကင်မ်ဂျုံအွန်းကို ကွန်မြူနစ်ပါတီရဲ့ ထိပ်ဆုံးရာထူးမှာ ခန့်ထားကြောင်း မြောက်ကိုရီးယားရဲ့ အစိုးရ မီဒီယာတွေက ကြေညာခဲ့ကြပါတယ်။ ကင်မ်ဂျုံအွန်းကို အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မီတီရဲ့ ခေါင်းဆောင်အဖြစ် ပါတီသတင်းစာ Rodong Sinmun က ဖော်ပြခဲ့တာပါ။ ကွန်မြူနစ်ပါတီက တိုင်းပြည်အတွက် ဆုံးဖြတ်ချက်တွေကို ပေးတဲ့ အမြင့်ဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း မစ္စတာကင်မ်ရဲ့ လှုပ်ရှားမှုတွေဟာ သူ့အဖေ ရာထူးတွေကို အမွေဆက်ခံမယ့်အကြောင်း သေချာ ပုံစံချပြသတာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ကင်မ်ဂျုံအွန်းဟာ စစ်ရေး အတွေ့အကြုံ နည်းနည်းပဲ ရှိပေမဲ့ ကြယ်လေးပွင့်တင် ဗိုလ်ချုပ်ကြီး ရာထူး ယူထားပါတယ်။

XS
SM
MD
LG