သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပျောက်ဆုံးကန်စစ်သားရုပ်အလောင်း မြောက်ကိုရီးယား လွှဲပြောင်းပေးမည်


ကုလ ဂုဏ်ပြုတပ်က မြောက်ကိုရီးယားမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည် ရုပ်ကြွင်းတွေကို သယ်ဆောင်လာစဉ်။ (မေ ၁၄၊ ၁၉၉၉)

၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သားအလောင်းတွေထည့်ဖို့ သစ်သားအခေါင်း ၁၀၀ နဲ့ အမေရိကန် အလံတွေကို အမေရိကန်စစ်တပ်က ကိုရီးယား ၂ နိုင်ငံနယ်စပ်မှာ စနေနေ့က သွားထားလိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က စစ်သားအလောင်းတွေကို သူတို့နေရပ်နိုင်ငံဆီပြန်ပေးမယ့် အစီ အစဉ်အတွက် ပြင်ဆင်မှုဖြစ်ပါတယ်။ ဒီအခေါင်းတွေကို ပြန်သယ်နိုင်ဖို့ သတ္တုသေတ္တာ ၁၅၀ ကို Seoul မြို့တော်နားမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းကို ပို့ထားတယ်လို့ ကိုရီးယား မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး Chad Carrol ကပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ June လ ၁၂ ရက်နေ့တုန်းက တွေ့ဆုံခဲ့ကြစဉ်မှာ အမေရိကန်စစ်သားအလောင်းတွေ ပြန် ပေးဖို့ မြောက်ကိုရီးယားဖက်က သဘောတူခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် အတွင်း အမေရိကန်နဲ့ မြောက်ကိုရီးယား ရှာဖွေရေးအဖွဲ့တွေက အလောင်းရှာဖွေရေးကို ၃၃ ကြိမ်လုပ်ခဲ့ပြီး ရုပ်အကြွင်းအကျန် ၂၂၉ စုံ တွေ့ရှိခဲ့ပါတယ်။

အဲဒီ အမေရိကန်စစ်သား ရုပ်ကြွင်းတွေကို Seoul မြို့နားမှာရှိတဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေ လက်ကို မြောက်ကိုရီးယား ဘက်က လွှဲပြောင်းပေးအပ်ဖို့ အမေရိကန်တာဝန်ရှိသူတွေ မျှော်လင့်နေကြပါတယ်။ အဲဒီကနေမှ Hawaii ကျွန်းမှာရှိတဲ့ Hickam လေတပ်အခြေစိုက် စခန်းကို သယ်ယူဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ နေ့ရက်ကိုတော့ သတ်မှတ်ရခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG