သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကောလိပ်ကျောင်းသား မြောက်ကိုရီးယား ပြန်လွှတ်


အမေရိကန် ကောလိပ်ကျောင်းသား Otto Warmbier
အမေရိကန် ကောလိပ်ကျောင်းသား Otto Warmbier

မြောက်ကိုရီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ်က ဝါဒဖြန့် ပိုစတာတခုကို ခိုးယူဖို့ကြိုးစားမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချခံထားရတဲ့ အမေရိကန် ကောလိပ်ကျောင်းသားတယောက်ကို မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

Otto Warmbier ကို ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး သူဟာ အမေရိကန်ပြည်ထောင်စုကို ပြန်လာနေပြီလို့ ဝန်ကြီး tillerson က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဝါရှင်တန်ပို့စ်သတင်းထဲမှာတော့ - သတိ မေ့မျောနေတဲ့ Wambier ကို မြောက်ကိုရီးယား နိုင်ငံထဲကန ဆေးဝါးကုသနိုင်ဖို့အတွက် ကယ်ထုတ်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။ Ohio ပြည်နယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ဒီကနေ့ ညနေပိုင်းမှာ Wambier ပြန်ရောက်လာမှာ ဖြစ်ကြောင်းနဲ့ သူဟာ တနှစ်လောက် မေ့မျောနေခဲ့တဲ့အကြောင်း ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ နာမည်ကြီး ဘက်စ်ကတ်ဘော အားကစားသမား Dennis Rodman မြောက်ကိုရီးယား နိုင်ငံကို ဒီကနေ့ သွားရောက်ခဲ့တဲ့ နောက်မှာပဲ အခုလို Warmbier လွတ်မြောက်လာတဲ့ ကြေညာချက် ထွက်လာတာပါ။

သူ့ခရီးစဉ်အတွင်းမှာ အမေရိကန် သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေအကြား ဆက်ဆံရေး လမ်းပွင့်သွားစေလိမ့်မယ်လို့ မျှော်လင်တဲ့အကြောင်း Rodman က ပြောခဲ့ပါတယ်။ Rodman ဟာ မြောက်ကိုရီယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က တကြိမ် မြောက်ကိုရီးယားကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ အမေရိကန် အမျိုးသား ဘက်စ်ကတ်ဘော အသင်းရဲ့ အကျော်အမော်ဟောင်းတွေ ပါဝင်တဲ့ ဘက်စကတ်ဘော်အသင်း တသင်းနဲ့အတူ သွားခဲ့တာပါ။ အဲဒီမှာ ကင်မ်ဂျုံအွန်းမွေးနေ့ ဆုတောင်း သီချင်းသီဆိုခဲ့ဖူးပါတယ်။ ကင်မ်ဟာ ဘက်စ်ကတ်ဘော ဝါသနာအိုးတယောက် ဖြစ်တယ်လို့ သိရပြီး အထူးသဖြင့်တော့ ၁၉၉၀ လွန်ကာလက Rodman ကစားခဲ့တဲ့ Chicago Bulls အသင်းကတော့ သူ့ရဲ့အကြိုက်ဆုံး အသင်းတခု ဖြစ်ပါတယ်။

အမေရိကန် ကောလိပ်ကျောင်းသား မြောက်ကိုရီးယား ပြန်လွှတ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG