သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက် ဒုံးစမ်းသပ်မှု တောင်ကိုရီးယား လက်ခံမည်မဟုတ်


သမ္မတပြောခွင့်ရ Kim Sang-woo က သတင်းထောက်တွေ နဲ့ တွေ့ဆုံ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၆)
သမ္မတပြောခွင့်ရ Kim Sang-woo က သတင်းထောက်တွေ နဲ့ တွေ့ဆုံ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၆)

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံး ပစ်လွှတ်မှုကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး လို့ တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ သမ္မတရဲ့ကြေညာချက်ကို သမ္မတပြောခွင့်ရက သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယားဗုံးစမ်းသပ်ဖေါက်ခွဲပြီးနောက် အခု တာဝေးပစ် မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်ဖို့ ကြေညာလိုက်တာဟာ ကမ္ဘာကြီးနဲ့၊ ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုတရပ်ဖြစ်ပြီး ဒီလို မြောက်ကိုရီးယားရဲ့ အဆက်မပြတ် တင်းမာမှုတွေဖြစ်စေတဲ့ ရန်စတဲ့ လုပ်ရပ်တွေ ဟာ တောင်ကိုရီးယား နိုင်ငံသားတွေကို ခြိမ်းခြောက်နေတာဖြစ်ပြီး လူထုအကြားစိုးရိမ်မှုတွေ တိုးလာစေတာကြောင့် ဒီလုပ်ရပ်အပေါ် တုန့်ပြန်ဆောင်ရွက်မှုနဲ့အတူ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ သမ္မတပြောခွင့်ရ Kim Sang-woo က သတင်းထောက်တွေကို ပြောပါတယ်။

လေ့လာရေးဂြိုလ်တုတစင်းကို ဖေဖေါ်ဝါရီ ၈ ရက်နဲ့ ၂၅ ရက်ကြားမှာ လွှတ်တင်သွားမယ်လို့ အင်္ဂါနေ့တုန်းက မြောက်ကိုရီးယားက ကြေညာခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုထိ ပစ်ခတ်တိုက်ခတ်နိုင်တဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှု တားဆီးထားတာကို တခြားနည်းလမ်းတခုဖြစ်တဲ့ အခုလို ဂြိုလ်တုလွှတ်တင်မှုနဲ့ ကျော်လွှားဖို့ ဆောင်ရွက်တာဖြစ်ကြောင်း တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက ယူဆထားတာပါ။

ဇန်နဝါရီ ၆ ရက်နေ့က မြောက်ကိုရီးယားက နျူးကလီးယားဗုံး စမ်းသပ်ဖေါက်ခွဲ တာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်နေချိန်မှာ အခုလို ဂြိုလ်တုလွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားက ကြေညာလိုက်တာပါ။ မြောက်ကိုရီးယားနိုင်ငံရဲ့ အနောက်ဖက်ကမ်းရိုးတန်းက Tongchang-ri ဒုံးကျည်ပစ်လွှတ်စင် မှာ ပြင်ဆင်မှုတွေကြိုလုပ်နေတာကို တွေ့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဒါပေမယ့်လည်း ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်တွေကို ထိန်းသိမ်းထားဖို့အတွက် အသေးစိတ်ကို ပြောဆို သွားတာမျိုးမရှိပါဘူး။

XS
SM
MD
LG