သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေပီသတင်းဌာန မြောက်ကိုရီးယားမှာ စဖွင့်


အေပီသတင်းဌာန မြောက်ကိုရီးယားမှာ စဖွင့်
အေပီသတင်းဌာန မြောက်ကိုရီးယားမှာ စဖွင့်

မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယန်း (Pyongyang) မှာ အေပီသတင်းဌာနတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာ သတင်းအဖွဲ့အစည်းတွေထဲက မြောက်ကိုရီးယားမှာ သတင်းလုပ်ငန်းတွေ အချိန်ပြည့် လုပ်ကိုင်နိုင်ဖို့ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ သတင်းဌာနလည်း ဖြစ်ပါတယ်။ အေပီသတင်းဌာနကို မြို့တော်ပြုံယန်းမှာ ဒီကနေ့ပဲ ဖွင့်လှစ်ခဲ့တာပါ။ အဲဒီကနေ ရုပ်ပုံတွေရော၊ ဗွီဒီယိုတွေပါ သတင်းတွေအဖြစ် တင်ပြမှာပါ။ ဒီလိုရုံးဖွင့်လာနိုင်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ တစ်နှစ်လောက်ကြာအောင် လုပ်ခဲ့ရပြီး မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီးတစ်လအကြာမှာ အခုလို ရုံးဖွင့်တဲ့အဆင့် ရောက်လာတာပါ။

ပြုံယန်းက အေပီရုံးအသစ်ကနေ မြောက်ကိုရီးယား ပြည်သူတွေ၊ နေရာတွေနဲ့ နိုင်ငံရေး အခြေအနေတွေကို မှတ်တမ်းတင်ခွင့် ရတယ်လို့ အေပီသတင်းဌာနရဲ့ ဥက္ကဋ္ဌ တွမ်ကာလီ (Tom Curley) က ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံတဝှမ်းက မီဒီယာလုပ်ငန်းတွေ အားလုံးရဲ့ တကယ့်ကို အရေးကြီးတဲ့ အခြေအနေမှာ ကြုံနေရတာပဲလို့လည်း ဆိုပါတယ်။

ပြုံယန်းမြို့တော်က အေပီသတင်းဌာနက ကမ္ဘာတဝှမ်းမှာရှိနေတဲ့ တခြား အေပီသတင်းဌာနတွေအတိုင်း၊ စံချိန်စံညွှန်းတွေအတိုင်း လုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင်သွားမှာလို့ အေပီသတင်းဌာနရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ အေပီသတင်းဌာနကို ပြုံယန်းမြို့တော်မှာ ဖွင့်ခွင့်ပေးတယ်ဆိုပေမဲ့ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာ သတင်းသမားတွေကို အကြီးအကျယ် ကန့်သတ်တားမြစ် ထားနေတုန်းပါပဲ။ နိုင်ငံတကာ သတင်းအဖွဲ့အစည်းတွေထဲက အေပီရဲ့ ဗွီဒီယိုဌာနအသေး တစ်ခုကိုတော့ မြောက်ကိုရီးယားမှာ ၂၀၀၆ ခုနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် ဗဟိုသတင်းအေဂျင်စီရဲ့ ဥက္ကဋ္ဌက အခုလိုအေပီရုံးခန်း ဖွင့်လှစ်ခဲ့တာဟာ တကယ့်ကိုထူးခြားမှုပဲလို့ ဒီကနေ့ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG