သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား အင်တာနက်ပြတ်တောက်မှု ကန်ကို အပြစ်တင်

  • ဗွီအိုအေ (မြန်မာဌာန)

မြောက်ကိုရီးယားအင်တာနက် ပြတ်တောက်မှု

မြောက်ကိုရီးယားနိုင်ငံမှာ အခု ရက်ပိုင်းတွေအတွင်း အင်တာနက်လိုင်း ပြတ်တောက်မှုတွေရဲ့တရားခံဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲသွား ပြီး အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကို ပုဂ္ဂိုလ်ရေးအရ ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားပါတယ်။

Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ The Interview ဇာတ်ကား ထုတ်လုပ်ဖြန့်ချီမှုအတွက် အမေရိကန်သမ္မတအိုဘားမားမှာ တာဝန်ရှိတယ်လို့ မြောက်ကိုရီးယားရဲ့ ကြေညာချက်မှာ ပြောထားတာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်း ဦးဆောင်တဲ့နိုင်ငံမှာ အာဏာရှိတဲ့ အမျိုးသားကာကွယ်ရေးကော်မရှင်က ဒီကြေညာချက်ထုတ်ပြန်တာဖြစ်ကြောင်း အမည်မပြောထားတဲ့အဖွဲ့ဝင် ရေးသားတယ်ဆိုတဲ့ အဲဒီကြေညာချက်မှာ အိုဘားမားဟာ အပြောရော အလုပ်ရောမှာ အဆင်အခြင်မရှိဘူး၊ အပူပိုင်းသစ်တောထဲက မျောက်တကောင်လိုပဲလို့ ပြောထားပါတယ်။

အမေရိကန်အဆို Sony Pictures ရဲ့ အင်တာနက်စနစ်ထဲကို မြောက်ကိုရီးယားက အွန်လိုင်း ထိုးဖောက်တိုက်ခိုက်တာအတွက် အမေရိကန်က လက်တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောခဲ့ပြီးတဲ့နောက် အခုလို မြောက်ကိုရီးယားနို်င်ငံတွင်း အင်တာနက်လိုင်း ပြတ်တောက်မှုဖြစ်တာပါ။

မြောက်ကိုရီးယားကတော့ သူတို့ Sony Pictures ရဲ့ ကွန်ပြူတာကွန်ယက်ကို ထိုးဖောက်ဝင်ရောက်တာရော၊အရှက်ရစရာအီးမေးလ်တွေနဲ့ အခြား ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖွင့်ထုတ်တာကိုပါ မလုပ်ပါဘူးလို့ ငြင်းဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရမှာက အထူးလေ့ကျင့် သင်ကြားထားတဲ့ ကွန်ပြူတာကျွမ်းကျင်သူတွေရှိပြီး သူတို့ဟာ အခုနှစ်ပိုင်းတွေအတွင်း ကွန်ပြူတာ ထိုးဖောက်ဝင်ရောက်မှုတွေ အများအပြား လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဒါပေမယ့်လည်း မြောက်ကိုရီယားမှာ အင်တာနက်လိုင်းကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ထားတာမျိုး မဟုတ်တာကြောင့် သူတို့ကို ထိုးဖောက်ဝင်ရောက်မှုတွေလုပ်ဖို့ သိပ်မလွယ်ကူပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG