အမေရိကန်ပြည်ထောင်စုက ရန်လိုတဲ့ သဘောထားတွေကို မစွန့်လွှတ်မချင်း နျူကလီးယား အစီအစဉ်တွေကို ဆက်လုပ်သွားမယ့်အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
ကြိုတင်သတ်မှတ်ချက် မထားဘဲ တိုက်ရိုက်ဆွေးနွေးဖို့ကိုလည်း သဘောတူတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun က (ARF) အာဆီယံဒေသဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်လာတဲ့ ကျန်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့တဲ့အကြောင်း မြောက်ကိုရီးယား သံတမန်တစ်ဦးက အင်္ဂါနေ့မှာ ပြောခဲ့တာပါ။
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းပြီး၊ တည်ငြိမ်မှု ရှိစေချင်တယ်ဆိုရင်တော့ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့နဲ့ မြောက်ကိုရီးယားရဲ့ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို လက်ခံဖို့ လိုအပ်တဲ့အကြောင်း သံတမန်တစ်ဦးဖြစ်တဲ့ Choe Myong Nam က နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြောဆိုသွားတာ ဖြစ်ပါတယ်။
မကြာသေးခင်တုန်းက ဒေသတွင်းမှာ တင်းမာမှုတွေ ကြုံခဲ့ရတာဟာလည်း အမေရိကန်ကြောင့်လို့ အပြစ်ဖို့ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ တစုံတရာ တုံ့ပြန်ခဲ့တာ မရှိပါဘူး။
အရင်တုန်းကတော့ တိုက်ရိုက်ဆွေးနွေးမှုတွေ မလုပ်ခင်မှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်လိုတဲ့ ဆန္ဒ ရှိတဲ့အကြောင်း ပြသရလိမ့်မယ်လို့ ပြောဆိုထားတာပါ။ ARF ထိပ်သီးအစည်းအဝေးပွဲက နိုင်ငံခြားရေးဝန်ကြီး အများစုကတော့ အလားတူ သဘောထားတွေ မြောက်ကိုရီးယားကို ပြောခဲ့ကြတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။