သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား ဆွေးနွေးပွဲ မြောက်ကိုရီးယား ပြန်စလို


နျူကလီးယား ဆွေးနွေးပွဲ မြောက်ကိုရီးယား ပြန်စလို
နျူကလီးယား ဆွေးနွေးပွဲ မြောက်ကိုရီးယား ပြန်စလို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအီလ် (Kim Jong Il) က နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေကို ပြန်တက်ချင်တယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး တိုးတက်လာစေဖို့ မြောက်ကိုရီးယားက အာရုံစိုက်ချင်ကြောင်းလည်း မစ္စတာကင်မ်က တရုတ်ခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

၆ ရက်ကြာ တရုတ်နိုင်ငံ တရားဝင် ခရီးစဉ်ကို မစ္စတာကင်မ် အဆုံးသတ်လိုက်အပြီး နာရီပိုင်း အတွင်းမှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ပြောခဲ့တာတွေကို တရုတ်အစိုးရရဲ့ ဆင်ဟွာ သတင်းဌာနက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ ဒီနှစ်အတွင်း တတိယမြောက် ခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံဆီကနေ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အကူအညီတွေ ပိုရဖို့ ကြိုးစားတဲ့ ခရီးစဉ်အဖြစ် သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အပေါ် ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတဲ့ ကိစ္စကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်သတင်းဌာနတွေက ဖော်ပြကြပါတယ်။ သက်ဆိုင်တဲ့ နိုင်ငံတွေ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ အတွက် ပျော့ပျောင်းမှု ပြဖို့နဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ကြဖို့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ်ကို ပြောခဲ့ပါတယ်။

XS
SM
MD
LG