သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး တိုးမြှင့်မည်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်ရဲ့ ဦးလေး Jang Sung Taek တရုတ်မြောက်ကိုးရီးယား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်ကို ရောက်ရှိလာစဉ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်ရဲ့ ဦးလေး Jang Sung Taek တရုတ်မြောက်ကိုးရီးယား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်ကို ရောက်ရှိလာစဉ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို မြောက်ကိုးရီးယားကာကွယ်ရေး NDC ကော်မရှင်ရဲ့ ဒုဥက္ကဌ Jang Sung Taek သွားရောက်ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဂျမ်ဆောင်သိုက်ဟာ လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်ရဲ့ ဦးလေး တော်စပ်သူဖြစ်ပြီး မြောက်ကိုးရီးယား နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးဆောင်နေသူပါ။

သူဟာ ဒီကနေ့ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး နှစ်နိုင်ငံကြား စီးပွားရေး အထူးဇုံတွေနဲ့ ပူးတွဲ လုပ်ဆောင်ဖို့ တရုတ်နိုင်ငံရဲ့ အကြီးတန်း အရာရှိတွေနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ မြောက်ကိုးရီးယား အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ကင်ကျုံအွမ်းဟာ မနှစ်က နှစ်ကုန်ပိုင်း သူ့ဖခင်ဆုံးသွားပြီးတဲ့နောက် ဖခင်ရဲ့ အရိုက်အရာဆက်ခံခဲ့ချိန်ကစပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်လာစေဖို့ ငယ်ရွယ်တဲ့ စီးပွားရေးပညာရှင်တွေကို ရာထူးကြီးတွေပေးပြီး လုပ်ဆောင်စေခဲ့တာပါ။ ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းက ရာဆန် နဲ့ ယာလာမြစ်ထဲက ဟွမ်ဂါပြုံ ကျွန်းဆွယ်တွေမှာ တရုတ်နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ ပူးတွဲပြီး အထူးစီးပွားရေးဇုံတွေနဲ့ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG