သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒုံးကျည် မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယား ဝယ်ခဲ့သလား


မြောက်ကိုရီးယားရဲ့ အဆင်မြင့် ဒုံးလက်နက်တွေထဲမှာ အခုလက်ရှိ နောက်ဆုံး ရရှိလာတာကတော့ cruise missile ပဲ့ထိန်းတပ်ဒုံးပျံ ဖြစ်ပါတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တခုက ပြောပါတယ်။

မြောက်ကိုရီးယားစစ်တပ်ရဲ့ ဝါဒဖြန့် ဗွီဒီယိုတခုမှာ ဒုံးပျံအသစ်ကို တွေ့မြင်ခဲ့ရတယ်လို့ John Hopkins တက္ကသိုလ် အခြေစိုက် ကိုရီးယားရေးရာကျွမ်းကျင်သူ အမေရိကန်အဖွဲ့က ပြောပါတယ်။

ပဲ့ထိန်းတပ် ဒုံးပျံဟာ ရုရှားလုပ် KH35 ကို နမူနာ ကူးယူးထားပြီး သင်္ဘော၊ ရဟတ်ယာဉ်နဲ့ မြေပြင်တို့က ပစ်ခတ်နိုင်ပါတယ်။ အဆိုပါ ဒုံးပျံကို ရေပြင်ကပါ ပစ်ခတ်နိုင်အောင် ပုံစံထုတ်ထားပါတယ်။

ပြုံယမ်းအနေနဲ့ အဆိုပါ ဒုံးပျံကို ရုရှားကနေ တိုက်ရိုက် ဝယ်ယူတာ ဖြစ်နိုင်တယ်လို့ အဲဒီအဖွဲ့ရဲ့ 38 North Blog ဆိုတဲ့ ဝပ်ဆိုဒ်မှာ တင်ပြထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အဆိုပါ ပဲ့ထိန်းတပ်ဒုံးပျံကို မြန်မာပြည်လို တတိယနိုင်ငံတခုကတဆင့် ဝယ်ယူတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဝယ်ယူတဲ့ကိစ္စဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ ပိတ်ဆို့မှုကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG