သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား အမေရိကန်နဲ့ သံတမန် အဆက်အသွယ်ဖြတ်


 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့၊ အမေရိကန်နဲ့ နောက်ဆုံးကျန်နေသေးတဲ့ အဆက်အသွယ်တွေကို ပါ ဖြတ်တောက်လိုက်ပြီ ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။

နယူးယောက် ကုလသမဂ္ဂရုံးကတဆင့် ဆက်သွယ်နေတဲ့ အမေရိကန်နဲ့ သံတမန် အဆက်အဆံ အားလုံးကို စတင်ဖြတ်တောက်လိုက်ပြီ ဖြစ်တဲ့အကြောင်း အမေရိကန်ကို အကြောင်းကြားလိုက်ပြီလို့ ဒီကနေ့ပဲ မြောက်ကိုရီးယား က ပြောဆိုခဲ့တာပါ။

နျုကလီးယားလက်နက် အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တခြားအစိုးရ တာဝန်ရှိသူ တော်တော်များများ အပေါ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ထပ်မံချမှတ်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အဆင့်မြင့် ဒုံးလက်နက် ကာကွယ်ရေးစနစ် ချထားဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြေညာထားတဲ့ အပေါ်မှာလည်း၊ လက်တွေ့ တုံ့ပြန်သွားမယ့် အကြောင်း ဒီကနေ့အစောပိုင်းမှာပဲ မြောက်ကိုရီးယားက သတိပေးခဲ့တာပါ။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးတွေနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတဲ့အတွက် THAAD (TAD) လို့ ခေါ်တဲ့ ဒုံးခွင်းဒုံးစနစ်တခု ကိုရီးယားကျွန်းဆွယ်မှာ ချထားရေး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲကြေညာ ခဲ့ပြီး နောက်မှာ ပဲ မြောက်ကိုရီးယားက ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။ ဒုံးခွင်းဒုံးစနစ် ချထားမယ့် နေရာနဲ့ အချိန်ကာလကိုတော့ မကြေညာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG