သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံသားနောက်တစ်ယောက်ကို မြောက်ကိုးရီးယားနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြန်ပါပြီ။ မြောက်ကိုးရီးယားက ထွက်ခွာဖို့ ပြင်ဆင်နေစဉ် Pyongyang အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုးရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားကို သောကြာနေ့က ဖမ်းထားလိုက်တာလို့ တောင်ကိုရီးယား နိုင်ငံက Yonhap သတင်းဌာနက ပြောပါတယ်။

ကင် ဆိုတဲ့ မိသားစုနာမည်နဲ့ပဲ သိထားရတဲ့သူဟာ မြောက်ကိုးရီးယားနိုင်ငံမှာ လူမှုရေး အကူအညီပေးရေးလုပ်ငန်းတွေအတွက် တစ်လလောက် ဆွေးနွေးနေခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူ့ကို ဘာကြောင့်ဖမ်းရလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုးရီးယားက ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ သူအပါအ၀င်ဆိုရင် ၃ ယောက်မြောက်ရှိနေပါပြီ။ အမေရိကန်နဲ့ ညှိုနှိုင်းရာမှာ အသုံးချဖို့အတွက် အရင်တုန်းကတော့ မြောက်ကိုးရီးယားက အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းလေ့ ရှိတတ်ပါတယ်။

XS
SM
MD
LG