သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ပုံ အစိုးရ သတင်းစာတွေမှာ ဖော်ပြဆဲ


ကွပ်မျက်ခြင်း ခံရတယ်လို့ သတင်းထွက်နေ တဲ့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကို သတင်း ထုတ်လွှင့်ချိန် တွေ့ရ။

မြောက်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဟွန်ရောင်ချောင်းရဲ့ ပုံတွေကို အစိုးရသတင်းစာတွေမှာ ဒီနေ့အထိ ဆက်လက်ဖော်ပြနေဆဲဖြစ်ပေမယ့် သူ ကွပ်မျက် ခံရပြီးဖြစ်တယ်လို့ ယုံကြည်ဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဖက်က ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီး ဟွန်ကို ပြီးခဲ့တဲ့လ ကပဲ သူ့မိသားစုဝင်တွေ နဲ့ အခြားကြည့်ရှုသူတွေရှေ့မှာ ကွပ်မျက်ခဲ့တာဖြစ် တယ်လို့ တောင်ကိုရီးယား အစိုးရက အခိုင်အမာ ယုံကြည်ထားဆဲဖြစ်ကြောင်း ဆိုးလ်မြို့တော်မှာ ထောက်လှမ်းရေးအရာရှိတဦးက သတင်းထောက်တွေ ကို ပြောပါတယ်။

မြောက်ကိုရီးယားဖက်ကတော့ ဟွန် ကွပ်မျက်ခံရတယ်ဆိုတဲ့ သတင်းကို တစုံတရာ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိ သူက လည်း ဒီသတင်းတွေကို သူ့အနေနဲ့ အတည်ပြု မပေးနိုင်သေးပေမယ့်၊ တကယ်လို့ မှန်ကန်ခဲ့ရင် ဒါဟာ မြောက်ကိုရီးယားအစိုးရရဲ့ အစွမ်းကုန်ရက်စက်မှု လုပ်ရပ် နောက်ထပ်တခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဟွန်နဲ့ အခြားအဆင့်မြင့်အရာရှိကြီးသုံးဦးကို ဧပြီလ နှောင်းပိုင်း က ပြုံယမ်းမြို့တော်မှာ ကြည့်ရှုသူ လူ ရာပေါင်း များစွာရှေ့ လေယာဉ်ပစ် စက်သေနတ် နဲ့ ပစ်ခတ် ကွပ်မျက်ခဲ့ တယ် လို့ တောင်ကိုရီးယားဖက်က ဗုဒ္ဓဟူးနေ့က စတင် ထုတ်ဖော်ပြောဆိုခဲ့ တာဖြစ်ပါတယ်။

အကယ်လို့ ဒီသတင်း မှန်ကန်ခဲ့ရင် မြောက်ကိုရီးယားနိုင်ငံ အတွင်းမှာ ဖြုတ်ထုတ် သတ် လုပ်ရပ်တွေ အဆက်မပြတ် ပေါ်ထွက်နေပြီး၊ ကင်ဂျုံအွမ်း အစိုးရရဲ့ တည်ငြိမ်မှု အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

XS
SM
MD
LG