သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုပစ် ဒုံးလေးစင်း ပစ်လွှတ်


မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှတ်မှုကို တောင်ကိုရီးယား TV ချယ်နယ်မှာ ပြသစဉ်။ (မတ် ၁၃၊ ၂၀၁၅)
မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်လွှတ်မှုကို တောင်ကိုရီးယား TV ချယ်နယ်မှာ ပြသစဉ်။ (မတ် ၁၃၊ ၂၀၁၅)

မြောက်ကိုရီးယားဘက်က တာတိုပစ် ဒုံးလက်နက်နဲ့ အနောက် ပင်လယ် ထဲကို လေးကြိမ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဖက်ကပြောပါတယ်။ ဒါဟာ အမေရိကန် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က စိတ်ဆိုး ဒေါသထွက်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။ မြောက် ကိုရီးယားမြို့တော် ပြုံးယမ်း မြောက်ဘက်ကနေ ပစ်ခတ်လိုက်တဲ့ ဒီဒုံးကျည်ဟာ ၈၇ မိုင်အကွာအဝေးလောက်ထိ သွားခဲ့ပြီး ပင်လယ်ထဲ ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးအဖွဲ့အကြီးအကဲရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

နောက်ထပ် သုံးပါတ်ကြာမြင့်မယ့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့Foal Eagle စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က တုန့်ပြန်ပုံရကြောင်း ကြေညာချက် မှာဖေါ်ပြထားပြီး ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုစကတည်းက မြောက်ကိုရီးယားဘက်က အခုလို ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုတွေ လုပ်နေတာပါ။

ဒီလေ့ကျင့်မှုကြောင့် တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားမှာ တင်းမာမှုတွေ ပုံမှန် ဖြစ်ပေါ်လေ့ရှိပြီး ၁၉၅၀ လောက်ကတည်းက ဒီနှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက်အစား အပစ်ရပ်စဲထားတာသာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှု အပေါ် ပြုံးယမ်းက ဒါဟာမြောက်ကိုရီးယားကို သိမ်းပိုက်ဖို့ ကြိုတင်ပြင်ဆင် တာဖြစ်တယ်လို့ပြောဆိုထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယား ဘက်ကတော့ ဒါဟာ ခုခံကာကွယ်ဖို့အတွက် သာဖြစ်တယ်လို့ တုန်ပြန်ပြောဆိုပါတယ်။

XS
SM
MD
LG