သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုဒုံး ၂ စင်း ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ် ဒုံးကျည် ၂ စင်းကို အရှေ့ဘက် ကမ်းရိုးတန်းအနီးက ပင်လယ်ထဲကို ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ၃ ရက်အတွင်း ဒုံးကျည် ၆ စင်းကို ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တနင်္လာနေ့ မနက်ပိုင်းမှာ တကြိမ်၊ နေ့လည်ပိုင်းမှာ တကြိမ် ဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ် လို့ခေါ်တဲ့ အရှေ့ဘက် ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုလို ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ မလုပ်ဖို့ တောင်ကိုရီးယားနဲ့ ဒေသတွင်းက တခြားနိုင်ငံတွေအပါအ၀င်၊ ကုသလမဂ္ဂက တားမြစ်ထားတဲ့ကြားကပဲ မြောက်ကိုရီးယားက စနေနေ့မှာ သုံးကြိမ်၊ တနင်္ဂနွေနေ့မှာ တကြိမ်နဲ့ အခုနောက်ဆုံး တနင်္လာနေ့မှာ နှစ်ကြိမ် ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာပါ။

အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို မြောက်ကိုရီးယားဘက်ကလည်း ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဘယ်နိုင်ငံမဆို ကိုယ့်အချုပ်အချာ အာဏာပိုင် နယ်မြေပေါ်မှာ စစ်ရေးလေ့ကျင့်ခွင့်ရှိပြီး၊ ဒါဟာ အငြင်းပွားရမယ့် ကိစ္စမဟုတ်ဘူးလို့ မြောက်ကိုရီးယားဘက်က တနင်္လာနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG