သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပြည်သူ ၅,၀၀၀,၀၀၀ အငတ်ဘေးကြုံ

မြောက်ကိုရီးယား ပြည်သူ ၅,၀၀၀,၀၀၀ အငတ်ဘေးကြုံ
မြောက်ကိုရီးယား ပြည်သူ ၅,၀၀၀,၀၀၀ အငတ်ဘေးကြုံ

အကြမ်းအားဖြင့် မြောက်ကိုရီးယား လူဦးရေရဲ့ ငါးပုံတပုံဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က အင်္ဂါနေ့က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို စက်တင်ဘာလ အတွင်းက သွားရောက်ခဲ့ရာမှာ တွေ့ရှိချက်တွေကို အခြေခံပြီး စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့ကြီးနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က အခုလို ပြောခဲ့တာပါ။

စိုက်ပျိုးရေးကောင်းပြီး ရိက္ခာနည်းနည်း တိုးလာတာ ရှိခဲ့ပေမဲ့ ရိက္ခာတန်ချိန် ၅၅၀,၀၀၀ နီးနီး ချို့တဲ့နေတာနဲ့ မြောက်ကိုရီးယားက ကြုံတွေ့နေရပါတယ်။ လူ ၅,၀၀၀,၀၀၀ လောက် အန္တရာယ် ကြုံနေရပါတယ်လို့ FAO က ဆိုပါတယ်။

အဲဒီလို ချို့တဲ့နေတာကို ဖြည့်ဆည်းနိုင်အောင် မြောက်ကိုရီးယား အစိုးရ အနေနဲ့ ရိက္ခာတန် ၈၅၀,၀၀၀ တင်သွင်းသင့်တယ်လို့ စားနပ်ရိက္ခာအဖွဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားက တန် ၃၂၅,၀၀၀ ကိုပဲ တင်သွင်းဖို့ အစီအစဉ် ထားရှိတာပါ။

အခုလို ချို့တဲ့နေတဲ့အတွက် မကောင်းတဲ့ သက်ရောက်မှု ဖြစ်ပေါ်လာနိုင်တယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။

This item is part of
XS
SM
MD
LG