သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ပိတ်ဆို့မှု မြောက်ကိုရီးယား တုံ့ပြန်ဝေဖန်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (လယ်) နဲ့ တပ်မတော်အရာရှိကြီးတွေ မြောက်ကိုရီးယားတည်ထောင်သူ ကင်အီဆွန်းနဲ့ ဖခင်ဖြစ်သူ ကင်ဂျုံအီးလ်တို့အား ဂါရဝပြုနေစဉ်။ (ဇန်နဝါရီ ၁၊ ၂၀၁၅)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (လယ်) နဲ့ တပ်မတော်အရာရှိကြီးတွေ မြောက်ကိုရီးယားတည်ထောင်သူ ကင်အီဆွန်းနဲ့ ဖခင်ဖြစ်သူ ကင်ဂျုံအီးလ်တို့အား ဂါရဝပြုနေစဉ်။ (ဇန်နဝါရီ ၁၊ ၂၀၁၅)

မကြာသေးခင်က Sony ရုပ်ရှင်လုပ်ငန်းကွန်ပြူတာတွေ ကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အရ မြောက်ကိုးရီးယားနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် Sanction အသစ် ထပ်ပြီး ချမှတအရေးယူလိုက်တဲ့အတွက် မြောက်ကိုးရီးယားက အမေရိကန်ကို တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။

အဲဒီ ပိတ်ဆို့မှုဟာ ရန်လိုတဲ့ဖိနှိပ်မှုပဲလို့ခေါ်ဝေါ်သုံးစွဲပြီး ဒီလိုလုပ်ဆောင်မှုတွေဟာ နိုင်ငံ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ မြောက်ကိုးရီးယားရဲ့ဆန္ဒကို ပိုပြီး ခိုင်မာ စေလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့စကားကိုကိုးကားပြီး အစိုးရအာဘော် မြောက်ကိုးရီးယား Central News Agency သတင်းဌာနတာဝန်ရှိသူက ပြောဆိုပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက လူပုဂ္ဂိုလ် ၁၀ ယောက်နဲ့ အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထားတဲ့ အရေးယူမှုအသစ်ကို သောကြာနေ့က အမေရိကန်သမ္မတ Barack Obama က လက်မှတ်ထိုးခဲ့ပါတယ်။ Cyber တိုက်ခိုက်မှုအပါအဝင် တခြားရန်စမှုတွေကို အရေးယူဖို့ကြိုးပမ်းတဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ပထမဆုံးအဆင့် စတင် ဆောင်ရွက်ခဲ့ တာလို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြောက်ကိုးရီယားနဲ့ မဆက်ဆံအောင် ကာကွယ်မှုနဲ့အတူ အမေရိကန် ဘဏ္ဏာရေး စနစ်ထဲကို သတ်မှတ်ထားတဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေ ဝင်ရောက်ခွင့်မရစေဖို့ Sanctions ချမှတ်ထားပြီး အဲဒီ Sanctions တွေကို အခု အရေးယူမှုအသစ်နဲ့ ပိုပြီး တင်းကြပ်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG