သုံးရလွယ်ကူစေသည့် Link များ

၂၀၁၄ အတွင်း တရုတ်ဖုန်းများ မြောက်ကိုရီးယား စံချိန်ချိုး တင်သွင်း


မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့မြင်ကွင်း။

မြောက်ကိုရီးယားနိုင်ငံက မနှစ်တုန်းက စမတ်ဖုန်းတွေ အပါအဝင် လက်ကိုင်ဖုံး အများအပြားကို တရုတ်နိုင်ငံကနေ မှာယူ တင်သွင်းခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၁၄ ခုနှစ်ထဲမှာ လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးကွန်ယက်တွေမှာ သုံးဖို့ အမေရိကန်ဒေါ်လာ ၈၃ သန်း တန်ဖိုးရှိတဲ့ ဖုန်းတွေကို တင်သွင်းခဲ့တယ် လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အခြေစိုက် ပရဟိတအဖွဲ့အစည်း တခုဖြစ်တဲ့ KITA ကိုရီးယားနိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့က သောကြာနေ့က ပြောကြား လိုက်ပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၂ ဆတိုးလာတာဖြစ်ပြီး အဲဒီအချိန်က တရုတ်ကနေ မြောက်ကိုရီးယားကို တင်သွင်းတဲ့ လက်ကိုင်ဖုန်း တန်ဖိုးဟာ ဒေါ်လာ ၄၄ သန်းဖိုး ရှိပါတယ်။ ၂၀၁၄ တင်သွင်းနှုံးဟာ ၂၀၀၇ ခုနှစ်ကစကြည့်ရင် အများဆုံး ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ KITA က တောင်မြောက် ကိုရီးယား ၂ နိုင်ငံကြား လက်ကိုင်ဖုန်းကုန်သွယ်မှုကို ၂၀၀၇ ခုနှစ်မှာ စတင် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအွန်း Kim Jung Un အာဏာရလာတဲ့ ၂၀၁၁ ခုနှစ်ကစပြီး မြို့တော် ပြုံယမ်းမှာ လက်ကိုင်ဖုန်းနဲ့ tablet သုံးစွဲမှု နှုံး တရှိန်ထိုး တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ စစ်တမ်းတွေ အရ မြောက်ကိုရီးယားနိုင်ငံသား ၂ သန်းခွဲနီးပါး လက်ကိုင်ဖုန်း သုံးစွဲလာတာဖြစ်ပြီး ဒါဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ၁၀ % ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG