သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကိုင်တွယ်ဖို့နည်းလမ်း ကန်နဲ့ဂျပန် သဘောထားတူ


 အမေရိကန် သမ္မတ Trump နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe
အမေရိကန် သမ္မတ Trump နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe

မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေကို တုံ့ပြန်ဖို့ လိုအပ်လာချိန်မှာ နည်းလမ်းပေါင်းစုံကို စဉ်းစား သုံးသပ်သွားဖို့ ဆိုတဲ့ အမေရိကန် သမ္မတရဲ့ ပြောဆိုချက်ကိုဂျပန် ဝန်ကြီးချုပ်ကလည်း ဒီကနေ့ သဘောတူခဲ့ပါတယ်။

တိုကျိုမြို့တော်က Akasaka နန်းတော်မှာ ဂျပန် ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန် သမ္မတ Trump တို့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်က မြောက်ကိုရီးယား ဆွေးနွေးရေး ညှိစရာမဟုတ်တော့ဘဲ မြောက်ကိုရီးယား အစိုးရ အပေါ် အမြင့်ဆုံး ဖိအားပေးရမယ့် အချိန် ရောက်လာပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒုတိယမြောက်နေ့ အဖြစ် ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့ အမေရိကန်နဲ့ ဂျပန် ခေါင်းဆောင် နှစ်ဦးတို့က မြောက်ကိုရီးယား အရေးက အဓိက ကိစ္စ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်မှာ နျူးကလီးယား ထိပ်ဖူးတပ်ဆင်နိုင်ရေး ကြိုးပမ်းနေတာဟာဆိုရင် တိုးတက်ယဉ်ကျေးတဲ့ ကမ္ဘာနဲ့ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေး အတွက် ခြိမ်းခြောက်မှု အဖြစ် အမေရိကန် သမ္မတက ပြောဆိုပါတယ်။ မြောက်ကိုရီးယား အစိုးရနဲ့ ညှိနိုင်ဖို့ ကြိုးစားခဲ့တဲ့ မဟာဗျူဟာမြောက် သည်းခံခဲ့တဲ့ ခေတ် ကုန်သွားပြီလို့လည်း သမ္မတ Trump က ထပ်ပြီး ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေဟာ ပြင်းထန်တယ်လို့ တချို့က ပြောဆိုနေကြပေမယ့် ပြီးခဲ့တဲ့ ၂၅ နှစ်တာ ကာလအတွင်း ပျော့ပျော့ပြောင်းပြောင်း ပြောဆိုချက်တွေက ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ကြည့်ကြပါလို့ သမ္မတ Trump က အရင် အမေရိကန် အစိုးရတွေရဲ့ ချဉ်းကပ်ဆောင်ရွက်မှုကို ဝေဖန်သွားပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်တိုက်ဖို့ ပြင်ဆင်ထားသလားဆိုပြီး ဂျပန် သတင်းထောက် တဦးရဲ့ အမေးကိုတော့ အမေရိကန် သမ္မတက မဖြေကြားခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG