သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအစီအစဉ်ကို လျှော့မတွက်ဖို့ မြောက်ကိုရီးယား သတိပေး


South Koreans watch a TV news program showing North Korean leader Kim Jong Un's New Year's speech, at the Seoul Railway Station in Seoul, South Korea, Jan. 1, 2018.
South Koreans watch a TV news program showing North Korean leader Kim Jong Un's New Year's speech, at the Seoul Railway Station in Seoul, South Korea, Jan. 1, 2018.

မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်က လက်တွေ့ အရှိတရား ဖြစ်တယ်ဆိုတာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ သဘောပေါက်ထားရမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ တနလာၤနေ့ နှစ်သစ်ကူး မိန့်ခွန်းမှာ နျူးကလီးယား လက်နက် ပစ်ခတ်နိုင်တဲ့ ခလုတ်က စားပွဲပေါ်မှာ ရှိနေတယ်လို့လည်း မြောက်ကိုရီးယား ခေါင်းဆောင် Kim က သတိပေးလိုက်ပါတယ်။ အမေရိကန် ပြည်မ ဧရိယာကြီးတခုလုံးက မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်နဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိတယ်လို့လည်း ကင်ဂျုံအွန်းက ပြောဆိုပြီး သူ့ကို ဖြစ်စေ မြောက်ကိုရီးယား နိုင်ငံကို ဖြစ်စေ အမေရိကန် ပြည်ထောင်စုဘက်က ဘယ်တော့မှ စပြီး တိုက်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။

အမေရိကန်ရဲ့ နျူးကလီးယား ခြိမ်းခြောက်မှု ပုံစံပေါင်းစံကို မြောက်ကိုရီးယားဘက်က ကိုင်တွယ်နိုင်တယ်၊ အမေရိကန်ဘက်က ပစ်ခတ်မှုတွေကို တားဆီးနိုင်စွမ်းရှိတဲ့ ခိုင်မာတဲ့ နျူးကလီးယား အတားအဆီး ရှိတယ်လို့လည်း ကင်ဂျုံအွန်းက ဒီကနေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ ဒီကိစ္စက ခြိမ်းခြောက်နေတာ မဟုတ်ဘဲ တကယ့် လက်တွေ့ အရှိတရား ဖြစ်တယ်ဆိုတာကို အမေရိကန်တို့ သဘောပေါက်ရမယ်လို့လည်း ပြောဆိုသွားပါတယ်။

ကင်ဂျုံအွန်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းဟာ ဆိုရင် ဒီနှစ်အတွင်း သူ ဦးစားပေး ဦးတည် ဆောင်ရွက်မယ့် ကိစ္စတွေကို ချပြမှု အဖြစ်လည်း အများအပြားက ရှုမြင်ကြတာပါ။ ပြီးခဲ့တဲ့နှစ် အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ Donald Trump တို့ အတုံ့အလှည့် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ကြတာပါ။

မြောက်ကိုရီးယား အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်လာရင် ကမ္ဘာမှာ မကြုံဖူးသေးတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် သမ္မတ Trump က သတိပေးခဲ့တာပါ။ မြောက်ကိုရီးယားဘက်ကတော့ အမေရိကန် ပိုင်နက် Guam ကျွန်းအနီး ပင်လယ်ပြင်အတွင်းကို တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည် ပစ်ခတ် စမ်းသပ်ဖို့ စဉ်းစားနေကြောင်း ပြောဆို တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG