သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဂျုံအီးလ် သား ထိပ်တန်းရာထူး ရရှိ


ကင်မ်ဂျုံအီးလ် သား ထိပ်တန်းရာထူး ရရှိ
ကင်မ်ဂျုံအီးလ် သား ထိပ်တန်းရာထူး ရရှိ

မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ကင်မ်ဂျုံအဲန်း (Kim Jong Un) ကို တိုင်းပြည်ရဲ့ ဒုတိယ သို့မဟုတ် တတိယ နေရာကို တိုးမြှင့်ပေးဖို့ သိသာထင်ရှားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကို ကိုးကားပြီး ထောက်လှမ်းရေး သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကိုရီးယား ဗဟိုသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ တနင်္လာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ ဂုဏ်ပြု အခမ်းအနား တက်ရောက်လာကြတဲ့ ခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) ရဲ့ အစိုးရအဖွဲ့ဝင် စာရင်း ပါဝင်ပါတယ်။

အဲဒီ အမည်စာရင်းမှာ ကင်မ်ဂျုံအဲန်းရဲ့ နာမည်က ဝန်ကြီးချုပ်ရဲ့နာမည် အထက်ကနေ ပထမဆုံး အကြိမ်အဖြစ် ရေးသား ဖော်ပြထားတာကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နဲ့ တခြားနိုင်ငံကြီးတွေမှာ အခြေစိုက်တဲ့ လေ့လာစောင့်ကြည့်သူတွေက တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ သားအငယ်ဆုံး ကင်မ်ဂျုံအဲန်းကို ပြီးခဲ့တဲ့လကပဲ နံပါတ် ၄ နေရာကို တိုးမြှင့်ပေးခဲ့တာပါ။ နံပါတ် ၁ က ကင်မ်ဂျုံအီးလ်၊ နံပါတ် ၂ က ဝန်ကြီးချုပ် ချိုယွန်ရင်မ် (Choe Yong Rim)၊ နံပါတ် ၃ နိုင်ငံ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ကင်မ်ဂျုံးနမ် (Kim Jong Nam) တို့ ဖြစ်ကြပါတယ်။ အဲဒီစာရင်းမှာ ဥသျှောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌနာမည်ကို ထည့်သွင်းရေးထားတာ မတွေ့ရတဲ့အတွက် ကင်မ်ဂျုံအဲန်းထက် ရာထူးပိုကြီးသေးသလား ဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG