သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထောင်ပြု


အမည်မသိ အမျိုးသမီးတဥိးနှင့် အတူတွေ့ရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန်း။ ဇူလိုင် ၂၅၊ ၂၀၁၂။
အမည်မသိ အမျိုးသမီးတဥိးနှင့် အတူတွေ့ရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန်း။ ဇူလိုင် ၂၅၊ ၂၀၁၂။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un လက်ထပ်လိုက်ပြီလို့ မြောက်ကိုရီးယား အစိုးရက အတည်ပြုလိုက်တာကြောင့် အခုတလော နိုင်ငံတော် အခမ်းအနားတွေမှာ သူနဲ့ တွေ့တွေ့နေရတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုပြီး သီတင်းပတ်ပေါင်းများစွာ အမျိုးမျိုး ထင်ကြေး ပေးပြောဆိုနေကြတာတွေ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
မစ္စတာကင်မ် နဲ့ ရဲမေ Ri Sol Ju တို့ဟာ Pongyang မြို့တော်မှာ အသစ်ဆောက်လုပ်ပြီးစီးတဲ့ ပျော်ပွဲရွှင်ပွဲ ကစားကွင်းကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြ ထားပါတယ်။
ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ဇနီးလို့ သတင်းတွေထဲမှာ ပထမဆုံးအကြိမ် ရည်ညွှန်း သုံးစွဲတာဖြစ်ပြီး နာမည်ကိုလည်း ပထမဆုံးအကြိမ် ဖော်ပြတာပါ။ ဒါပေမယ့် သူတို့ ဘယ်တုံးက လက်ထပ်လိုက်သလဲဆိုတာရော ဒီ့ထက် အသေးစိတ်တွေကိုရော သတင်းထဲမှာ မပါပါဘူး။၏
မနှစ်က ဒီဇင်ဘာလမှာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူ Kim Jong Il ရဲ့ နေရာကို သားဖြစ်သူ Kim Jong Un က ဆက်ခံလိုက်တာ ဖြစ်ပါတယ်။
သားဖြစ်သူ Kim Jong Un က ဖခင်ရဲ့ လျှို့လျှို့ဝှက်ဝှက်နိုင်ပြီး ကြည်ကြည်ရွှင်ရွှင်မရှိတဲ့ အုပ်ချုပ်မှုနဲ့မတူတဲ့ ပုံစံမျိုးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
XS
SM
MD
LG