သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ


မြောက်ကိုရီးယားပြည်သူတွေ ဂူဗိမာန်ကို အလေးပြုနေစဉ်
မြောက်ကိုရီးယားပြည်သူတွေ ဂူဗိမာန်ကို အလေးပြုနေစဉ်
မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က ဦးောဆင်ပြီး ပြုလုပ်သွား ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင်းသတင်းရဲ့ထုတ်လွင့်ပြသမှု မှာတော့ သောင်းနဲ့ချီတဲ့ လူထုဟာ မြို့တော်ရဲ့ Sun ဂူဗိမာန်ရှိရာ Kumsusan နန်းတော်အပြင်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတာကို မြင်ရပါတယ်။

လက်ရှိ မြောက်ကိုရီယားခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ Kim Joing Il ရုပ်အလောင်းကို အဲဒီဂူဗိမာန်မှာ မြှုပ်နှံထားတာပါ။ နောက် ခရာမှုတ်ပြီး သုံးမိနစ်ကြာ တိတ်ဆိတ်ငြိမ်သက် ဂုဏ်ပြုကြပါတယ်။ အဲဒါကို မြောက်ကိုရီယားတနိုင်ငံလုံးနဲ့ ပင်လယ်ပြင်က သင်္ဘောတွေမှာပါ တိတ်ဆိတ်ငြိမ်သက်မှုလုပ်ခဲ့ကြတာပါ။ မြောက်ကိုရီယားခေါင်းဆောင် Kim Joing Il ဟာ လွန်ခဲ့တဲ့တနှစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူဟာ မြောက်ကိုရီယားနိုင်ငံတည်ထောင်သူ ဖခင်ဖြစ်တဲ့ Kim Il Sung အရိုက်အရာကို ခံယူပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အောင်အောင်မြင်မြင်လွတ်တင်နိုင်ခဲ့တဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုမှာလုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်အတော်များများလည်း ဒီ ဂုဏ်ပြုပွဲမှာ တွေ့ရပါတယ်။ KIM မိသားစုဟာ မျိုးဆက်သုံးခုမြောက် အထိ အခု မြောက်ကိုရီယားနိုင်ငံကို အုပ်ချုပ်နေတာ နှစ်ပေါင်း ၆၀ကျော်သွားပါပြီ။
XS
SM
MD
LG