သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နောက်ထပ် ဒုံးကျည် စမ်းသပ်ပစ်ခတ်


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု တောင်ကိုရီးယား ဘက်က ကြည့်ရှု့နေကြစဉ်။ (မတ် ၂၁၊ ၂၀၁၆)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု တောင်ကိုရီးယား ဘက်က ကြည့်ရှု့နေကြစဉ်။ (မတ် ၂၁၊ ၂၀၁၆)

မြောက်ကိုရီးယားအစိုးရဟာ ဒီနှစ်အတွင်း နျူကလီးယားစမ်းသပ်မှုတွေ အတော်မျာများလုပ်ခဲ့တာမှာ အခုနောက်ဆုံး အရှေ့ဘက် ကမ်းရိုးတန်းကနေ ပဲ့ထိန်းတပ်ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယားသတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်တစင်းကို သောကြာနေ့ နေ့လယ်ပိုင်းက ဂျပန်ပင်လယ်ထဲ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား Yonhap သတင်းဌာန က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြင်သစ်သတင်းဌာနကို အတည်ပြုပေမဲ့ ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးကျည် ဘယ်လောက် အကွာအဝေးအထိ ရောက်ခဲ့ပြီး ဘယ်ကို ဦးတည် ပစ်ခတ်ခဲ့တာလဲ ဆိုတာနဲ့ပတ်သက်လို့တော့ အတည်မပြုပါဘူး။

မြောက်ကိုရီးယား အရှေ့ပိုင်းမြို့ Sondok ကနေ ဒီဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့တာ လို့ပဲ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ နျူကလီးယားလက်နက် စမ်းသပ်ပစ်လွှတ်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင် လာခဲ့တာပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာပဲ မြောက်ကိုရီးယား က ခုလိုလုပ်ဆောင်တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ဟာ မြောက်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်သိမ်းပိုက်ဖို့ လေ့ကျင့်နေတာလို့ သူတို့ဘက်က ရှုမြင်တဲ့အကြောင်း မြောက်ကိုရီးယားအစိုးရက ပြောဆိုထားပါတယ်။

XS
SM
MD
LG