သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ပစ်လွှတ်စမ်းသပ်


People watch a television screen showing a news broadcast with file footage of a North Korean missile test, at a railway station in Seoul on January 14, 2024.
People watch a television screen showing a news broadcast with file footage of a North Korean missile test, at a railway station in Seoul on January 14, 2024.

မြောက်ကိုရီးယားက တလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီနေ့မှာပဲ ပင်လယ်ထဲမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အိမ်နီးချင်းနိုင်ငံတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီကနေ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုကို တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက အတည်ပြုပေမဲ့ ဘယ်လောက်အထိ ရောက်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မပြောခဲ့ပါဘူး။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားက ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ဖြစ်နိုင်တဲ့ ပစ်လွှတ်မှုကို ထောက်လှမ်းသိရှိရတယ်လို့ ပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတုန်းက မြောက်ကိုရီးယားက လောင်စာခဲသုံး အဆင့်မြင့် တိုက်ချင်းပစ်ဒုံး Hwasong-18 ကို စမ်းသပ်ခဲ့ပြီးနောက် ဒါဟာပထမဆုံးအကြိမ် ပစ်ခတ်တာလည်း ဖြစ်ပါတယ်။ Hwasong-18 တိုက်ချင်းပစ်ဒုံးကိုတော့ အမေရိကန်ကို တိုက်ခိုက်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာပါ။

တင်းမာမှုတွေ ဖြစ်နေတဲ့ တောင်ကိုရီးယားနဲ့ နယ်စပ်ပင်လယ်ပြင်မှာ မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ တလစပ် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ မစ်ဇိုင်းဒုံး စမ်းသပ်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားက နယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG