သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး Jang Song Thaek ကွပ်မျက်ခံရ


တရားရုံးတင် ကွပ်မျက်ခံလိုက်ရတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Jang Song Thaek။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဓိက အကြံပေးတဦးလို့ ယူဆကြတဲ့ သူ့ရဲ့ဦးလေးလည်းတော်စပ်သူ Jang song Thaek ကို မြောက်ကိုရီးယား အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ Jang ဟာ အထူးစစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှု ခံပြီးနောက်၊ ကြာသာပတေးနေ့မှာ သူ့ကို ကွပ်မျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ကိုရီယား ဗဟိုသတင်းအေဂျင်စီက ကြေညာပါတယ်။

Jang ဟာ ပါတီခေါင်းဆောင်မှုနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖြုတ်ချဖို့ ပါတီဆန့်ကျင်ရေး တန်ပြန်တော်လှန်ရေးလုပ်ရပ်တွေကို ကျူးလွန်တဲ့ သစ္စာဖောက်တဦးဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား သတင်းက ကြေညာသွားပါတယ်။

သူ့ကိုတော့ အဂတိလိုက်စားမှု၊ မိန်းမလိုက်စားမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအဝင် ရာဇဝတ်မှု အတော်များများနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ Jang ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll ရဲ့ ညီမဖြစ်သူ၊ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဒေါ် Kim Kyong Hui နဲ့ လက်ထပ်ထားသူပါ။

Jang ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll လက်ထက်တုန်းကလည်း လူမြင်ကွင်း ကနေ နှစ်အတန်ကြာ ပျောက် သွားခဲ့ပါသေးတယ်။အခု မြောက်ကိုရီးယားခေါင်းဆောင်သစ်
အတက် ခေါင်းဆောင်မှုအပြောင်းအလဲကာလမှာ တာဝန်ကြီးကြီးယူပြီး ပြန်ပေါ်လာတာပါ။
XS
SM
MD
LG