သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွမ်းထက်တဲ့ ဒုံးကျည်ထုတ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း


ကမ္ဘာပတ်လမ်းကြောင်းထဲကို ပစ်လွှတ် စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယား ရော့ကတ်ဒုံးကျည်။
ကမ္ဘာပတ်လမ်းကြောင်းထဲကို ပစ်လွှတ် စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယား ရော့ကတ်ဒုံးကျည်။
ပြီးခဲ့တဲ့သတီတင်းပတ်က တာဝေးပစ် ရော့ကဒ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ပြီးတဲ့နောက် ပိုပြီးတော့ အားကောင်းတဲ့ ရော့ကတ်ဒုံးကျည်တွေ လုပ်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း က ပြောလိုက်ပါတယ်။ သောကြာနေ့က ပြုံရမ်းမှာ ရော့ကတ်ဒုံးကျည် ဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့အတူ ညစားစားပွဲမှာ ကင်မ်ဂျုံအွန်းက မြောက်ကိုရီးယား အနေနဲ့ ပိုပြီး အစွမ်းထက်တဲ့ ရော့ကတ်ဒုံးကျည်တွေကို ထုတ်လုပ်သွားဖို့ တိုက်တွန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အစိုးရအတော်များများ ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်မှုတွေ မလုပ်ဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်လို့ ဆိုပြီး မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကတော့ ဒီစမ်းသပ်ပစ်လွှတ်မှုဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ဆိုပြီး ဂုဏ်ယူ ပြောဆိုနေတာပါ။ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တဲ့ အဆင့်သုံးဆင့်ပါတဲ့ ရော့ကတ်ဒုံးကျည်ကို မိုးလေဝသ အခြေအနေတွေ စောင့်ကြည့်တဲ့ စတလိုက်ဂြိုလ်တုကို အာကသထဲ လွှတ်တင်နိုင်ဖို့ ခုလို စမ်းသပ်ပစ်လွှတ်ခဲ့တာလို့ မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အစောပိုင်းက ဒုံးကျည် တပ်ဆင်မှုအပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တချို့ ရှိနေတယ် ဆိုတဲ့ ယူဆချက်တွေနဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ခုလို မြောက်ကိုရီးယားက ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ် လိုက်ချိန်မှာတော့ လေ့လာသူတွေ အများအပြားနဲ့ အနောက်နိုင်ငံတွေ အံ့အားသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG