သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးစမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယား ဒုံးစမ်းသပ်ပစ်လွှတ်တဲ့သတင်းရုပ်သံကို လူတဦး ကြည့်ရှုနေစဥ်၊ ဂျူလိုင် ၁၉၊ ၂၀၂၃
မြောက်ကိုရီးယား ဒုံးစမ်းသပ်ပစ်လွှတ်တဲ့သတင်းရုပ်သံကို လူတဦး ကြည့်ရှုနေစဥ်၊ ဂျူလိုင် ၁၉၊ ၂၀၂၃
အခု ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် ဒုံးနှစ်စင်း အရှေ့ဖက်ခြမ်းကို ပစ်လွှတ်ခဲ့ပြီး နှစ်စင်းလုံးဟာ ဂျပန်ပင်လယ်ပြင် စီးပွားရေးဇုံအတွင်းထဲကို ကျရောက်ခဲ့ပုံရတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ပထမ အလုံးက အမြင့် ၃၁ မိုင်နဲ့ အကွာအဝေး မိုင် ၃၄၀ကျော်ရောက်ခဲ့ပြီး ဒုတိယဒုံး ကတော့ အမြင့် ၃၁မိုင် အကွာအဝေး မိုင် ၃၇၀ကျော်ရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဂျပန်ဖက်ကတော့ သံတမန်ရေးလမ်းကြောင်းကတဆင့် ဒုံးပစ်လွှတ်မှုကို ကန့်ကွက်ထားတယ်လို့လည်း ပြောပါတယ်။ အခု နောက်ဆုံးပစ်လွှဝ်တဲ့ ပဲ့ထိန်းတပ်ဒုံးဟာ အမေရိကန်ပိုင်နက် ဒါမှမဟုတ် အမေရိကန်ပိုင် ဒါမှမဟုတ် မဟာမိတ်တွေကို ခြိမ်းခြောက်မှုတစုံတရာ ရုတ်တရက်တော့ မတွေ့ရသေးဘူးလို့ အမေရိကန်စစ်ဖက်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ တပတ်ကပဲ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးတစင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ သူ့ရန်သူတွေကို သတိပေးချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဖက်က နူကလီးယားထိပ်ဖူးတပ်ဒုံး တင်ဆောင်တဲ့ ရေငုတ်သင်္ဘော ၁၉၈၀ ကာလကတည်းကဆိုရင် တောင်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိနေချိန်မှာပဲ မြောက်ကိုရီးယားက အခုလို ဒုံးစမ်းသပ်ပစ်ခတ်မှုဖြစ်တာပါ။
မနေ့ အင်္ဂါနေ့ကလည်း အမေရိကန်စစ်သည်တဦး ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ဖြတ်ပြေးခဲ့ပြီး မြောက်ကိုရီးယားဖက်က သူ့ကို ဖမ်းထားတယ်လို့ ယူဆရပါတယ်။
XS
SM
MD
LG