သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးအရေး ကုလလုံခြုံရေးကောင်စီ ဆွေးနွေး


တနင်္လာနေ့က မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည် သုံးစင်းပစ်လွှတ် စမ်းသပ်
တနင်္လာနေ့က မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည် သုံးစင်းပစ်လွှတ် စမ်းသပ်

မြောက်ကိုရီးယားအစိုးရက နောက်ထပ် ပဲ့ထိန်းတပ်ဒုံးကျည် သုံးစင်းကို ဂျပန်နိုင်ငံ သီးသန့်စီးပွားရေးဇုံထဲအထိ တနင်္လာနေ့က ပစ်လွှတ် စမ်းသပ် ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးဖို့ရှိပါတယ်။

တနင်္လာနေ့က စမ်းသပ်ပစ်လွှတ်မှု အပြည့်အ၀ အောင်မြင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဒီကနေ့ ပြောခဲ့သလို၊ လုံခြုံရေးကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ တားမြစ်ထားတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှုတွေ ဆက်လုပ်သွားဖို့လည်း တိုင်းပြည်ကို တိုက်တွန်း ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ G20 ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်နေ့မှာပဲ မြောက်ကိုရီးယားက အခုနောက်ဆုံး မစ်ဇိုင်း ဒုံးကျည်သုံးစင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း အရင်နှစ်တွေကထက် ပိုများတဲ့ မစ်ဇိုင်းဒုံးကျည်တွေကို စမ်းသပ်ခဲ့တာပါ။ လေ့လာသုံးသပ်သူ တချို့ကတော့ မတည်မငြိမ် အခြေအနေတွေနဲ့ ကြုံနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ယုံကြည်ရတဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံ ပြိုကွဲသွားမှာကို စိုးရိမ်ပြီး တရုတ်အစိုးရက ဖိအားပေးဖို့ လက်တွန့်နေတာဟာ မြောက်ကိုရီးယားကို နောက်ထပ် စမ်းသပ်မှုတွေ ပိုပြီး လုပ်အောင် တွန်းအားပေးရတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယားကို စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတခု အဖြစ် မမြင်ဘူးလို့လည်း လေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG