သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုပစ်ဒုံးလက်နက်တွေ ထပ်စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည် ၄ ခုကို ထပ်မံစမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်တွေ၊ အမြောက်တွေ စမ်းသပ်ပစ်လွှတ်မှုတွေထဲက နောက်ဆုံး စမ်းသပ် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။

ပြုံယမ်းမြို့ရဲ့ အနောက်မြောက်ဘက်ကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဒုံးကျည် ၂ ခုကို စမ်းသပ် ပစ်လွှတ်လိုက်ပြီး နောက်ထပ် ၂ ခုကိုတော့ အဲဒီနေ့ နောက်ပိုင်းမှာပဲ စမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘယ်လို ဒုံးကျည် အမျိုးအစားလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဒုံးကျည်တွေဟာ မြောက်ကိုရီးယား မြေပြင်ထဲမှာ ကျသွားသလား၊ တိုင်းပြည်အရှေ့ပိုင်း ပင်လယ်ပြင်ထဲ ကျသွားသလားဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး ပြုလုပ်တဲ့ ဒီစမ်းသပ်ပစ်လွှတ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို ဖြစ်ပွားလာနေပါတယ်။

မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှေ့သီတင်းပတ်အတွင်း ပြုလုပ်မယ့် လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဌာနက ဗွီအိုအေ ကိုရီးယားဌာနကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG