သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယား နျူစမ်းသပ်ခန်းတွေ ကန် လေ့လာခွင့်ရမည်


မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်စခန်းတွေကို မေလမှာ ပိတ်ပစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားက ကျွမ်းကျင်သူတွေ၊ သတင်းထောက်တွေကို ဝင်ခွင့်ပေးရေး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ကတိပြု ပြောဆိုထားကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နှစ်နိုင်ငံ နယ်စပ် အပစ်ရပ် ပါမွန်ဂျွန်ရွာမှာ လုပ်တဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံက ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် အနေနဲ့ အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံဆွေးနွေးရမယ့် အပေါ်မှာလည်း အကောင်းမြင် မျှော်လင့်ထားကြောင်း၊ သူဟာ အမေရိကန်ကို ဒုံးကျည်နဲ့ ပစ်မယ့်သူ မဟုတ်ဘူးဆိုတာကို အမေရိကန် သမ္မတ အနေနဲ့ နားလည်း သိရှိသွားမျာ ဖြစ်တယ်လို့လည်း ကင်ဂျုံအွန်းက ပြောတယ်ဆိုပြီး တောင်ကိုရီးား သမ္မတရဲ့ ပြောခွင့်ရ ယွမ်းယောင်ချမ်းက ပြောပါတယ်။ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တို့ရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာတော့ ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး ဦးတည်ဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။

တောင်ကိုရီးယားတို့ ကြိုးပမ်းခဲ့တဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဆွေးနွေးပွဲက လာမယ့် မေလ ဒါမှမဟုတ် ဇွန်လ အစောပိုင်းမှာ ဖြစ်လာချေ ရှိပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ့အနေနဲ့ ဂျပန်နိုင်ငံနဲ့ ပုံမှန် ဆက်ဆံရေး တည်ဆောက်လိုကြေကာင်း ပြောဆိုတယ်လို့လည်း တောင်ကိုရီးယားဘက်က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ တောင်နဲ့မြောက် ကိုရီးယား ခေါင်းဆောင်တွေ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုလည်း ရှင်းလင်း ပြောပြထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG