သုံးရလွယ်ကူစေသည့် Link များ

မြန်မာကို မြောက်ကိုရီးယား နျူကလီးယားပစ္စည်း ပို့ပေး


မြန်မာကို မြောက်ကိုရီးယား နျူကလီးယားပစ္စည်း ပို့ပေး

အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတွေကို ဥပဒေအရ တားမြစ်ထားတဲ့ နယူးကလီးယားနဲ့ ဒုံးလက်နက်ပစ္စည်းတွေကို မြောက်ကိုရီးယားက ထောက်ပံ့ပေးနေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီစွပ်စွဲချက်ကိုတော့ ဒီသီတင်းပတ်အတွင်း ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အရာရှိတွေရဲ့ အစီရင်ခံစာထဲမှာ ရေးသားထားတာပါ။ လွန်ခဲ့တဲ့ ၆ လကတည်းက ဒီအစီရင်ခံစာ ထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာ ဖြစ်ပေမဲ့ အဲဒီအချိန်က ထုတ်ပြန်ဖို့ကို မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်နိုင်ငံက တားမြစ်ခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရော၊ တရုတ်ဘက်ကပါ တုံ့ပြန်ပြောဆိုလာတာတော့ မရှိသေးပါဘူး။

မြောက်ကိုရီးယားကနေ နျူကလီးယား လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ တခြားနိုင်ငံတွေကို ဖြန့်ဝေနေတာတွေကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ဒီအစီရင်ခံစာက တောင်းဆိုပါတယ်။ မြောက်ကိုရီးယား အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ဒီလို လက်နက်နဲ့ နည်းပညာတွေကို ဘယ်လို ဖြန့်ဝေမှုတွေ လုပ်နေသလဲဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ကိုလည်း အစီရင်ခံစာထဲမှာ တိုက်တွန်းရေးသားထားပါတယ်။

မြောက်ကိုရီးယားဟာ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့နည်းတွေ၊ ငွေသားသယ်ယူသူတွေကနေတဆင့် ရောင်းဝယ်တာတွေနဲ့ ပြည်ပ အဖွဲ့အစည်းတွေကိုပါ သုံးပြီး နည်းလမ်းပေါင်းစုံနဲ့ လက်နက်နဲ့ နည်းပညာတွေကို ရောင်းဝယ်နေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG