သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယား ဓါတ်ပေါင်းဖိုစက်ရုံသစ် မြောက်ကိုရီယားဆောက်လုပ်

နျူကလီယား ဓါတ်ပေါင်းဖိုစက်ရုံသစ် မြောက်ကိုရီယားဆောက်လုပ်
နျူကလီယား ဓါတ်ပေါင်းဖိုစက်ရုံသစ် မြောက်ကိုရီယားဆောက်လုပ်

မြောက်ကိုးရီးယားအစိုးရဟာ Light Water Nuclear Reactor ခေါ် ရိုးရိုးရေ ကို အသုံးပြုထားတဲ့ အနုမြူဓါတ်ပေါင်းဖို စမ်းသပ်တည်ဆောက်မှုတခု ဆောင်ရွက်နေတာကို အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တခုရဲ့ ဂြိုလ်တုစနစ်သုံး ပုံရိပ်ဖမ်းစနစ်ကနေ တွေ့ရှိရတယ်လို့ အတည်ပြုပြောကြားပါတယ်။ တည်ဆောက်နေဆဲ Yonbyon နျူကလီးယား တည်ဆောက်ရေးစခန်းရဲ့ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ပုံတွေကို ဝါရှင်တန်အခြေစိုက် နျူကလီးယား သုတေသနအဖွဲ့တခုဖြစ်တဲ့ The Institute for Science and International Security အဖွဲ့က ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်က ဒီတည်ဆောက်ရေးစခန်းကို ရောက်ရှိခဲ့တဲ့ အမေရိကန် ကျွမ်းကျင်သူ ၂ ဦးရဲ့ သတင်းပေးပို့ချက်ကို အဲဒီဓါတ်ပုံတွေက အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီတပတ်ထဲမှာပဲ သမ္မတ ဘေလ်ကလင်တန် (Bill Clinton) နဲ့ ဂျော့ ဒဗလျူဘုရှ် (George W. Bush) တို့ အုပ်ချုပ်ရေးကာလမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောက်ကိုးရီးယားအရေးကျွမ်းကျင်သူ သံတမန် ဂျက် ဖရစ်ချာဒ် (Jack Pritchard) ကလဲ ဒီဓါတ်ပေါင်းဖို တည်ဆောက်ရေးကိစ္စကို မြောက်ကိုးရီးယားအစိုးရ အရာရှိတွေထံက သိရှိခဲ့တယ်လို့ဆိုပါတယ်။

သူနဲ့အတူ မြောက်ကိုးရီးယားနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် နျူကလီးယား ကျွမ်းကျင်သူ Siegfried Hecker ကလဲ Kyodo သတင်းဌာနကို အလားတူ မှတ်ချက်မျိုးပေးပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Light Water နျူကလီးယား ဓါတ်ပေါင်းဖိုကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက် အသုံးပြုလေ့ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီဓါတ်ပေါင်းဖို တည်ဆောက်မှုဟာ နျူကလီးယား လက်နက် ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ယူရေနီယမ် သတ္တုဓါတ်ကြွယ်ဝတဲ့ မြောက်ကိုးရီးယားနိုင်ငံအဖို့ အကြောင်းပြချက်ကောင်းတခု ပေးနိုင်စေလိမ့်မယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။

This item is part of
XS
SM
MD
LG