သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစွမ်းရည် မြှင့်တင်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်


နျူကလီးယားစွမ်းရည် မြှင့်တင်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်
နျူကလီးယားစွမ်းရည် မြှင့်တင်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းရည်တွေ မြှင့်တင်လာအောင် တွန်းပို့နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဗဟိုသတင်း အေဂျင်စီကနေ ဖော်ပြတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ နျူကလီးယား အဟန့်အတားတွေကို တိုးမြှင့်ပြီးတော့ အသစ်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ မကြာသေးခင် ကာလတွေအတွင်းက ပြဿနာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန် စစ်တပ်ဘက်က ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် နျူကလီးယား စွမ်းရည်တွေ မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး ဆိုတာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုနေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက် (Lee Myung-bak) နဲ့အတူ ရပ်တည်သွားဖို့ အလွန်ကို အရေးကြီးတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက တိုရွန်တိုမြို့မှာ ကျင်းပခဲ့တဲ့ G-20 အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG