သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား နှစ်နိုင်ငံဆက်ဆံမှု ရလဒ်ကောင်း ကန်၊တရုတ်၊ကုလ မျှော်လင့်


မကြာခင်က ပြုလုပ်ခဲ့ကြတဲ့ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံ အရာရှိတွေ ထိတွေ့ဆက်ဆံမှုကနေ နျူးကလီးယား လက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေပြီး ဖျက်လိုဖျက်ဆီး ပြုလုပ်လိုတဲ့ မြောက်ကိုရီးယားရဲ့ အမူအကျင့်ကို ပြောင်းလဲ သွားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့က မျှော်လင့်နေကြတယ်လို့ အင်္ဂါနေ့မှာ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

ကိုရီးယား နှစ်နိုင်ငံဆွေးမှုကနေ မြောက်ကိုရီးယား အားကစားသမားတွေနဲ့ သံစုံတီးဝိုင်းအဖွဲ့ကို ရှေ့လ တောင်ကိုရီးယားမှာ ကျင်းပမဲ့ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို စေလွှတ်ဖို့ ဖြစ်လာခဲ့တဲ့အပေါ် တရုတ်နဲ့ အမေရိကန် ခေါင်းဆောင် ၂ ဦး တနင်္လာနေ့ စကားပြောဆိုကြရာမှာ အလေးထား အသိအမှတ်ပြုခဲ့ကြပါတယ်။

ထရမ့်နဲ့ ရှီ တို့ဟာ ကိုရီးယား ၂ နိုင်ငံ ထိတွေ့ဆက်ဆံမှုကနေ မြောက်ကိုရီးယားရဲ့ လက်နက်တွေစမ်းသပ်နေမှုကို ပြောင်းလဲသွားစေ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

မြောက်ကိုရီးယားကို နျူးကလီးယားကင်းမဲ့တဲ့ နိုင်ငံဖြစ်စေဖို့အတွက် အမေရိကန် ဦးဆောင်ပြီး ကမ္ဘာတဝှမ်းကနေ အပြင်းထန်ဆုံး ဖိအားပေးနေတာကို ဆက်လက်လုပ်ဆောင်ဖို့ သမ္မတထရမ့်အနေနဲ့ ပိုင်းဖြတ်ထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ကုလ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်မက်ဖြစ်ပွားမှု အန္တရာယ်ကနေ ရှောင်လွဲနိုင်ဖို့ အခွင့်အလမ်း တံခါးပေါက် တခုဖြစ်ပါတယ်လို့ အင်္ဂါနေ့မှာ ပြောကြားလိုက်သလို၊ ပါဝင်ပတ်သက်နေသူတွေ အနေနဲ့ လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG