သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်မှုများ တွေ့ရှိ


လာမယ့်စနေနေ့ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ဖေါက်ခွဲနိုင်ပြီး၊ ဥမင်လှိုဏ်ခေါင်း တခုမှာ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အမေရိကန်အစိုးရနဲ့ အခြားသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လာမယ့် စနေနေ့ဟာ မြောက်ကိုရီးယား နိုင်ငံကို တည်ထောင်ခဲ့တဲ့ Kim Il Sung ရဲ့ အသက် ၁၀၅ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကိစ္စနဲ့ပတ်သက်လို့ ဘာမှ မှတ်ချက်မပေးချင်ပေမယ့်၊ အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ အရာရှိတဦးက VOA ကိုပြောပါတယ်။

မြောက်ကိုရီးယား မြောက်ပိုင်း Punggye-ri ဒေသ - နျူကလီးယားလက်နက် စမ်းသပ်မယ့် နေရာတခုကို ဂြိုလ်တုတခုက ဗုဒဟူးနေ့မှာ ဓါတ်ပုံရိုက်ယူ နိုင်ခဲ့ပြီး၊ အဲဒီမှာ လှုပ်ရှားမှုတွေ ဆက်ရှိနေသလို၊ အဓိက စီမံခန့်ခွဲမှုလုပ်တဲ့ နေရာမှာလည်း လှုပ်ရှားမှုအသစ်တွေ တွေ့ရကြောင်း Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန၊ အမေရိကန်-ကိုရီးယား အရေးလေ့လာနေတဲ့ 38 North website မှာဖေါ်ပြ ထားပါတယ်။

မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီယား စမ်းသပ်ဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ အဆင်သင့်ဖြစ်နေပြီလို့ နျူးကလီယားအရေး လေ့လာ စောင့်ကြည့်တဲ့ Joseph Bermudez Jr. နဲ့ Jack Liu တို့က ပြောပါတယ်။ မြောက်ကိုရီးယားက အခုလို ရန်စလာနိုင်တဲ့ အပြုမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားဖက်က စစ်ရေးပြင်ဆင်တဲ့ အရိပ်လက္ခဏာတွေတော့ မတွေ့ရသေးပါဘူး။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်မှုများ တွေ့ရှိ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG