သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသံချဲ့စက်နဲ့ နယ်စပ် ဝါဒဖြန့်မှု တောင်ကိုရီးယား ပြန်လည် စတင်


တောင်ကိုရီးယား နယ်စပ်။
တောင်ကိုရီးယား နယ်စပ်။

မြောက်ကိုရီးယားရဲ့ ဒီသီတင်းပတ်ထဲ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အသံချဲ့စက်တွေနဲ့ မြောက်ကိုရီးယားထဲကို ဝါဒဖြန့်အသံလွှင့်နေတာတွေကို မနက်ဖြန် မှာ ပြန်လည် စတင်မှာ ဖြစ်တဲ့အကြောင်း တောင်ကိုရီးယားက ကြေညာ လိုက်ပါတယ်။ ဝါဒဖြန့် အသံလွှင့်မှုတွေကို သောကြာနေ့ တောင်ကိုရီးယားစံတော်ချိန် မွန်းလွဲပိုင်းမှာ စတင်မှာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား သမ္မတ အိမ်တော်က ပြောပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့ပေမဲ့ ရန်ဘက်တွေ အဖြစ် ရှိနေကြတဲ့ ၂ နိုင်ငံကြား ဝါဒဖြန့်အသံလွှင့်ချက်တွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ တင်းမာမှုတွေ လျော့ပါးစေမယ့် အစီအစဉ်တွေကို မြောက်ကိုရီးယားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် မှာတော့ တောင်ကိုရီးယားက အသံလွှင့်နေတာတွေကို ရပ်ဆိုင်းခဲ့တာပါ။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲလိုက်ကြောင်း မနေ့တုန်းက ကြေညာချက် ဟာ သြဂုတ်လထဲ သဘောတူညီချက်ကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တယ်လို့လည်း တောင်ကိုရီးယား သမ္မတရဲ့ အမျိုးသားလုံခြုံရေး အရာရှိ Cho Tae-yong က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ အပြီးမှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ လုံခြုံရေးအတွက် အမေရိကန်က အခိုင်အမာ ကာကွယ်ပေး သွားမှာ ဖြစ်တဲ့အကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်စကားပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတ Barack Obama ကပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သမ္မတ အိုဘားမား စကားပြောခဲ့တာ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ရမ်းကားတဲ့ နောက်ဆုံး လုပ်ရပ်ကို နိုင်ငံတကာက ညီညီညွတ်ညွတ်နဲ့ အခိုင်အမာ တုံ့ပြန်နိုင်အောင် အတူတကွ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ ခေါင်းဆောင် ၃ ဦး သဘောတူညီမှု ရခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုလုပ်ခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေကို တပ်လှန့်ထားလိုက်ပါတယ်။

XS
SM
MD
LG