သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလုပ်ငန်းတွေ ပြန်စနိုင်ဖွယ်ရှိ


မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ နျူကလီးယားစက်ရုံကို ပြန်ပြီးလည်ပတ်ဖို့ လုပ်ဆောင်နေတာဟာ နဂိုတုန်းက ထင်ထားတာထက် ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ပုံ ရှိတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

Johns Hopkins တက္ကသိုလ်၊ အမေရိကန်-ကိုရီးယားအင်စတီကျူရဲ့ လေ့လာသုံးသပ်ချက်ဟာ မြောက်ကိုရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းက ယွန်ဗြောင်းနျူကလီးယားစက်ရုံကို မကြာသေးခင်က ရိုက်ယူထားတဲ့ ဂြိုဟ်တုရုပ်ပုံတွေပေါ် အခြေခံထားတာဖြစ်ပါတယ်။

အဲဒီစက်ရုံထဲက ၅ မီဂါဝပ် ပလူတိုနီယမ် ဓာတ်ပေါင်းဖိုကို ပြီးခဲ့တဲ့ သြဂုတ်လမှာ ပြန်ပြီး လည်ပတ်ခဲ့တာပါ။ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ထပ်ပြီး တိုးချဲ့သွားမယ်လို့ မြောက်ကိုရီးယားက အခိုင်အမာပြောခဲ့အပြီး သီတင်းပတ်အတော်အကြာမှာ ဓာတ်ပေါင်းဖိုကို ပြန်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပေါင်းဖိုမှာ လုပ်ငန်းတွေ ပြန်စနေတာကို မကြာသေးခင်ကရခဲ့တဲ့ ရုပ်ပုံတွေက ပြနေပေမဲ့လည်း နျူကလီးယားဗုံးလုပ်ဖို့ လိုအပ်တဲ့ ပလူတိုနီယမ် ထုတ်လုပ်မှုကို ဘယ်လောက်မြန်မြန် ပြန်စနိုင်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လောင်စာချောင်းအသစ်တွေကို ထုတ်လုပ်ဖို့ရာ ရှည်လျားတဲ့ လုပ်ငန်းစဉ်အဆင့်ကို အရင်ဆုံး ပြီးဆုံးဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။
XS
SM
MD
LG