သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုဝန်ကြီးချုပ် ကွပ်မျက်ခံရတဲ့သတင်းထွက်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ရဲ့ ဝန်ကြီးချုပ် လက်ထောက်ကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတခုက ပြောဆိုပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ အဆင့်မြင့် ခေါင်းဆောင်တယောက်ကို ဖယ်ရှားလိုက်တဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းလည်း ဖြစ်ပါတယ်။

Kim ရဲ့ သစ်တောရေးရာမူဝါဒနဲ့ ပတ်သတ်ပြီး သဘောမတူမှုကို ထုတ်ဖော်ပြသပြီးနောက် မေလအတွင်းတုန်းက ဒုဝန်ကြီးချုပ် Choe YongGon ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ အမည်မဖော်ပြတဲ့ မြောက်ကိုရီးယားကလာတဲ့ သတင်းအရင်အမြစ်တွေကို အခြေခံပြီး ယုံဟပ် သတင်းဌာနက ပြောတာပါ။

အခုသတင်းနဲ့ပတ်သတ်ပြီး တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အတည်မပြုသေးပေမဲ့ Choe ကို လူမြင်ကွင်းမှာ မတွေ့ရတာ ၈ လ လောက်ရှိပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အစိုးရအနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်က မြောက်ကိုရီးယား ဒုဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အသက် ၆၃ နှစ်အရွယ် Choe နဲ့ ပတ်သတ်လို့ မြောက်ကိုရီးယားဘက်က ဘာမှ ပြောဆိုတာမျိုး မရှိပါဘူး။ တကယ်လို့သာ ဒီသတင်းဟာ မှန်တယ်ဆိုရင်တော့ ဒါဟာ မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တယောက် အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကွပ်မျက်ခံရတာ ဖြစ်ပါတယ်။

XS
SM
MD
LG