သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနှင့် ပဋိပက္ခအလားအလာ မြောက်ပိုင်းကြိုပြင်


အမေရိကန်နောက်ခံ တောင်ကိုရီးယားနဲ့ ပဋိပက္ခ ဖြစ် လာနိုင်ချေအတွက် မြောက်ကိုရီးယားဟာ သူ့ပြည်သူတွေကို ပြင်ဆင် သတိပေးမှုတွေ ပြုလုပ်နေပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ တိုက်ခိုက်ခံရမှု မရှိအောင် ပတ်ဝန်းကျင်နဲ့ ဟပ်ညီတဲ့အရာ သစ်ပင်သစ်ရွက်မျိုးတွေနဲ့ အကာအကွယ်ယူ ဖုံးကွယ်ထားတာမျိုး၊ စစ်လိုလားတဲ့ ပြည်သူ တွေရဲ့ ပြောစကားကို လွှင့်ထုတ်တာမျိုးတွေ ပြုလုပ်နေပါတယ်။

အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေကို ရန်သူမမြင်အောင် အကာအကွယ်လုပ် ဖုံးကွယ်ထားတာတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေ စတင် လုပ်ဆောင်နေပြီလို့ တောင်ကို ရီးယားနဲ့ ဂျပန်သတင်းဌာနတွေက ကြေညာလွှင့်ထုတ် ပါတယ်။

ဒါဟာ မြောက်ကိုရီးယားမှာ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ စစ်ရေးအရ ကြိုတင် အကာအကွယ် ယူမှုမျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေ ဆောင်ရွက်မှုမျိုးကို ၁၉၉၃ ခုနှစ် စစ်ရေးအရ တင်းမာမှုတွေ ကြုံခဲ့ရတဲ့အချိန်မျိုးမှာ တွေ့ခဲ့ရဖူးတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက လွှင့်ထုတ်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ၁၉၅၃ ခုနှစ် စစ်ပြေငြိမ်းရေး စာချုပ်ကို ဖျက်ပစ်မယ်လို့ မြောက် ကိုရီးယားအစိုးရက ခြိမ်းခြောက်တဲ့အပေါ် မြောက်ကိုရီးယား လူထုရဲ့အမြင်တွေကို မြောက် ကိုရီးယား ရုပ်သံကနေ လွှင့်ထုတ်နေပါတယ်။

အဲ့ဒီမှာတော့ မြောက်ကိုရီးယားအစိုးရရဲ့ ရပ်တည်ချက်ကို လက်ခံပြီး၊ စစ်လိုလားတဲ့ စကားတွေကို ပြောဆိုကြတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်က အခုလို စစ်ပြေငြိမ်းရေး စာချုပ်ကို ပယ်ဖျက်မယ်ဆိုရင် တောင်ကိုရီးယားဘက်ကလည်း ပြင်းပြင်းထန်ထန် ပြတ်ပြတ် သားသား တုံ့ပြန်ရလိမ့်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
XS
SM
MD
LG