သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်းအသံဆိတ်


မြောက်ကိုရီးယား ကျူးကျော်တိုက်ခိုက်လာခဲ့ရင် မဟာမိတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး လေ့ကျင့်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအကြား နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါပြီ။

တနင်္လာနေ့ကစတင်ပြီး Ulchi Freedom Guardian လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အများအားဖြင့် ကွန်ပြူတာပေါ်မှာ လုပ်ကြတာဖြစ်ပေမဲ့
တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၈ သောင်းကျော် ပါဝင်ပါတယ်။

တောင်ကိုရီးယားမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်အားဖြင့်
မြောက်ကိုရီးယားက ဒါဟာ စစ်ပွဲအတွက် စမ်းသပ် လေ့ကျင့်တာလို့ ဆိုပြီး ဒေါသတကြီး တုံ့ပြန်ပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် လျော့ကျနေချိန်အတွင်း အခု စစ်ရေးလေ့ကျင့်မှုအပေါ် တုံ့ပြန် ပြောဆိုတာမျိုး ထွက်မလာသေးပါဘူး။

နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ စက်ရုံကို ပြန်ဖွင့်ရေး လုပ်ဆောင်သွားဖို့ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားခဲ့ကြတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းရေး ဆွေးနွေးပွဲတွေ
ပြန်လုပ်ဖို့ကိုလည်း မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ သဘောတူခဲ့ပါတယ်။
XS
SM
MD
LG