သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည် လွှတ်တင်ဖို့ အသင့်ဖြစ်နေ


မြောက်ကိုရီးယား ဒုံးကျည် လွှတ်တင်မည့် သတင်းကို ဖေဖော်ဝါရီလ ၃ရက်နေ့ က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကြည့်ရှုနေကြစဉ်။
မြောက်ကိုရီးယား ဒုံးကျည် လွှတ်တင်မည့် သတင်းကို ဖေဖော်ဝါရီလ ၃ရက်နေ့ က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကြည့်ရှုနေကြစဉ်။

မြောက်ကိုရီးယားဟာ သူရဲ့ပဲ့ထိန်းတပ် ဒုံးကျည်ကို ထင်ထားတာထက်စောပြီး လွှတ်တင်မယ့် အနေအထားမှာ ရှိနေတယ် လို့ တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့မှာပြောပါတယ်။ ခုလို အစီအစဉ်ပြောင်းတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို မြောက်ကိုးရီးယားဘက်က အကြောင်းကြားတာမရှိသလို ပဲ့ထိန်းဒုံးကျည်ကို တနင်္ဂနွေနေ့မှာ လွတ်တင်မယ် လို့ မျှော်လင့်ရတယ်လို့လည်း တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Moon Sang Gyun ကပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ကို ခုလို စမ်းသပ်ပစ်လွှတ်မယ့် အစီအစဉ်ဟာ ရန်စတဲ့သဘောဖြစ်သလို ဒေသတွင်း တည်ငြိမ်မှုတွေ ကိုလည်း ပျက်ပြားအောင်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တရုတ်သမ္မတ ရှိကျင်းပင် တို့ကလည်း ပြောဆိုထားတာပါ။ ကိုးရီးယားကျွန်းဆွယ်အတွင်း နျူ ကလီးယား လက်နက် လုံး၀ ကင်းစင်သွားအောင် လုပ်ဆောင်သွားဖို့ သောကြာနေ့က တယ်လီဖုန်းဆက်ပြောဆိုဆွေးနွေးချိန်အတွင်း အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်နှစ်ယောက်တို့ နောက်ထပ် သဘောတူညီမှု ရခဲ့ကြတယ် လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ဓာတ်ပုံတွေအရ မြောက်ကိုးရီးယားနိုင်ငံ အနောက်မြောက်ဘက်က Tongchang–ri စခန်းကနေ ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်ဖို့ တပ်ဆင်နေပုံရတယ်လို့ ဂျပန်သတင်းဌာနက မကြာသေးခင်ကပဲ ထုတ်ပြန်သွားပါတယ်။

မြောက်ကိုးရီးယားဘက်က လေးကြိမ်မြောက် နူကလီးယား လက်နက် စမ်းသပ် ပစ်လွှတ်မှုကို ဇန်နဝါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့ြ့ပီးတဲ့နောက် ဒီလုပ်ရပ်အတွက် ကင်ဂျုံအွန်းအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ အဆင့်မြင့် ဆွေးနွေးမှုတွေအပြီးမှာပဲ မြောက်ကိုးရီးယားဘက်က လက်နက် စမ်းသပ်ပစ်လွှတ်မှုတွေလုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာ တာလည်းဖြစ်ပါတယ်။ မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ပစ်လွတ်မှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်က တားမြစ်ပိတ်ပင်ထားတာ လည်းဖြစ်ပါတယ်။

XS
SM
MD
LG