သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ကာလ ရက်တိုး


မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည်
မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည်
အငြင်းပွားဖွယ် မြောက်ကိုရီးယားနိုင်ငံရဲ့ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ရေး ကာလကို ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ သက်တမ်းတိုးလိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရကပြောပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဒုံးကျည်ရဲ့ ပထမအဆင့်အင်ဂျင်မှာ နည်းပညာဆိုင်ရာ ချို့ယွင်းချက်တွေ့ရတယ် လို့ မြောက်ကိုရီးယား အာကာသ နည်းပညာကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA ကို ဒီကနေ့ပဲ ပြောသွားပါတယ်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ကနေ (၂၂) ရက်ကြား ပစ်လွှတ်ဖို့ ပထမစီစဉ်ထားတာကို ပြန်ပြီး အချိန်သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ အာကာသ နည်းပညာကော်မတီက စနေနေ့က ပြောသွားပါတယ်။ ဂျပန်ကတော့ ဒီဒုံးကျည် လမ်းကြောင်းလွဲလာရင် ပစ်ချမယ်လို့ ခြိမ်းခြောက်ထားပြီး ဒုံးကျည်ကို ကြားဖြတ်တိုက်ဖို့ အသင့်ပြင်ထားပါပြီ။

ဒီလို ဒုံးကျည်ပစ်လွှတ်ဖို့ မြောက်ကိုရီးယားအစိုးရ ဒီလအစောပိုင်းက ကြေငြာသွားတာပါ။ ဒါကို သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တကမ္ဘာလုံးနီးပါးက ကန့်ကွက်နေပြီး မြောက်ကိုရီးယားဟာ ကုလသမဂ္ဂက တားဆီးထားတာကို ချိုးဖောက်ပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဖုံးကွယ်လုပ်ဆောင်တာ လို့ ပြောနေကြပါတယ်။
XS
SM
MD
LG