သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု နှင်းကျလို့ နှောင့်နှေးနိုင်


မြောက်ကိုရီးယားဒုံးပစ်လွှတ်ရေးအတွက် ထူထပ်စွာကျနေတဲ့ နှင်းတွေကြားမှာ ဆန္ဒပြနေကြစဉ် (ဒီဇင်ဘာလ၅၊ ၂၀၁၂)
မြောက်ကိုရီးယားဒုံးပစ်လွှတ်ရေးအတွက် ထူထပ်စွာကျနေတဲ့ နှင်းတွေကြားမှာ ဆန္ဒပြနေကြစဉ် (ဒီဇင်ဘာလ၅၊ ၂၀၁၂)
မြောက်ကိုရီးယားမှာ ဆီးနှင်းတွေ ပြင်းပြင်းထန်ထန် ကျနေတာကြောင့် မြောက်ကိုရီးယား အစိုးရ ပြင်ဆင်နေတဲ့ ဒုံးပျံ စမ်းသပ် ပစ်လွှတ်မယ့် အစီအစဉ် နှောင့်နှေးသွားနိုင်ဖွယ် ရှိတယ်လို့ အမေရိကန် လေ့လာရေးအဖွဲ့တခုက ပြောပါတယ်။ ဂြိုလ်တုကနေ ဖမ်းယူရိုက်ကူးထားတဲ့ နောက်ဆုံး ပုံရပ်သစ်တွေအရ Sohai ဂြိုလ်တု လွှတ်တင်ရေးစခန်းမှာ ဒုံးပျံပစ်လွှတ်ဖို့ ပြင်ဆင်နေတာတွေ အရင်ကထက်ပိုပြီး နှေးကွေးသွားတာ တွေ့ရတယ်လို့ John Hopkins တက္ကသိုလ် အမေရိကန် ကိုရီးယားဌာနက ပြောပါတယ်။

အမေရိကန်-ကိုရီးယားဌာနရဲ့ 38 North လို့ နံမည်ပေးထားတဲ့ ဝက်ဆိုက်မှာ စတလိုက်ပုံရိပ်တွေအရ ဂြိုလ်တုစခန်းနေရာမှာ ဆီးနှင်းတွေ ပြင်းပြင်းထန်ထန် ကျနေပြီး ယာဉ်အသွားအလာတွေ မရှိတော့တာ တွေ့ရတယ်လို့ ဂြိုလ်တုက ပုံရိပ်တွေကို လေ့လာသုံးသပ်တဲ့ ကျွမ်းကျင်ပညာရှင် Nick Hansen က ရေးထားတာပါ။ ဒါပေမဲ့ ခုလို ရာသီဥတု ဆိုးရွားတဲ့တိုင်အောင် မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေ ပြီးအောင် လုပ်သွားကောင်း လုပ်သွားနိုင်တယ်လို့လည်း Hensen က ပြောပါတယ်။
XS
SM
MD
LG